Part 26

6.8K 397 9
                                    

Unicode
(ကိုယ်ဝန်နဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့စိတ်ကူးယဉ်ရေးသားချင်းမျှသာဖြစ်သည်)

အိမ်ပြန်ရောက်ထဲကမေမေရဲ့စစ်မေးချင်းခံနေရတဲ့စိုင်းဠုယျာ။ အခုတလောဘာတွေစားချင်လဲဆိုတာကမှအစ အကုန်ပြောပြနေရ၏။ သူထိုင်နေတဲ့ဆိုဖာနောက်မှာ မောင်ကမတ်တပ်ရပ်နေ၏။ ဖေဖေကတော့မရှိ ဦးယျာလေးကရှေ့မှထိုင်ကာနားထောင်နေသည်။

"မေမေကလဲ ဘာဖြစ်လို့ဒါပဲမေးနေတာလဲ"

"ဘာမှတော့မဖြစ်ပါဘူး ဆေးခန်းလေးပြကြည့်ရင်ကောင်းမလား"

"ဟာမေမေကလဲ ဘာဖြစ်လို့ဆေးခန်းပြရမှာလဲ၊ ဆေးခန်းမပြဘူး မောင်ပြောပေးအုန်း"

သူ့နောက်မှာရပ်နေတဲ့မောင်ကသူ့ဘေးတစ်ဖက်ဝင်ထိုင်၏။ သူလဲသူကိုယ်သူဘာဖြစ်နေမှန်းမသိပေမယ့် မောင့်ကိုပဲအားကိုနေသလို မေမေတို့ရှေ့မှာတောင် မောင်လို့ခေါ်မိနေတာ အရင်လိုလဲမရှက်တော့။

"မဟုတ်ဘူးလေ မင်းကျန်းမာရေးစစ်ကြည့်ယုံတင်လေနော်"

"မင်း မေမေနဲ့ပေါင်းကြံနေတာလား"

"မဟုတ်ပါဘူးကွာ မောင်ပါမင်းနဲ့အတူတူစစ်မယ်လေ"

"တကယ်လား"

"တကယ်ပေါ့"

"အင်းအင်း အဲ့တာဆိုသွားမယ်"

ဒေါ်ခင်ခင်မှာစွံ့အနေမိသည်သူတင်မဟုတ်ရှေ့ကခင်ဦးယျာလေးမှာလဲပါးစပ်အဟောင်းသား။ ကိုကိုကဘယ်တုန်းက လူကြီးတွေရှေ့သူတို့တွေရှေ့ဒီလိုနေတတ်သွားတာလဲ။

အဆင့်မြင့်ပုဂ္ဂလိကဆေးရုံမှာ သားနဲ့သမက်နဲ့အတူ ဒေါ်ခင်ခင်ရောက်နေတာဖြစ်သည်။ သူမသူငယ်ချင်းဖြစ်သူ သားဖွားမီးယက်ဒေါက်တာကို ဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြထားပြီးသား။

"အန်တီ အထဲကြွပါ"

သူနာပြုလေးက ထွက်ခေါ်တော့ သူတို့သုံးယောက်အထဲဝင်လာ၏။ သားကိုပြုံးကာကုတင်ပေါ်တက်ဖို့ပြောတော့ သားကသူ့ယောကျာ်းကိုလှည့်ကြည့်သေး၏။ ထင်ရိုင်းနောင်က ကုတင်တစ်ဖက်သွားကာ လက်ကိုကိုင်ထားမှ သားဠုဠုပုံကစိတ်အေးသွားသလို။ အပေါ်ယံစမ်းသပ်ပြီးချိန်မှာတော့ လိုတာတွေထပ်စမ်းသပ်ရအောင်အတွင်းခန်းထဲခေါ်သွား၏။ ထင်ရိုင်းနောင်ပါမှသွားမယ်ဆိုတာကြောင့်ထင်ရိုင်းနောင်က နောက်ကတစ်ကောက်ကောက်လိုက်ရတော့သည်။ အားလုံးစမ်းသပ်စစ်ဆေးချိန်မှာတော့ သူတို့သုံးယောက်အဖြေကိုထိုင်စောင့်နေကြသည်။ ဆရာဝန်ကထွက်မလာသေး။ ထွက်လာတော့လဲ စစ်ဆေးထားတဲ့စာရွက်တွေကိုင်ကာထွက်လာပြီး

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiDonde viven las historias. Descúbrelo ahora