Unicode
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကကောင်းမလိုလိုနဲ့ဝေးသွားတယ်လို့ ထင်ရိုင်းနောင်ခံစားမိနေတယ်။ ထမင်းအတူစား လုပ်ငန်းအကြောင်းအတူတိုင်ပင်ဆွေးနွေးတုန်းကတောင် ရင်းရင်းနှီးနှီးနဲ့ကောင်းကောင်းမွန်မွန်ပဲ။ ဒါပေမယ့် ပထမဆုံးတွေ့တဲ့အချိန်ကလိုပဲ ရည်ရည်ရုံးကိုလိုက်လာတဲ့နေ့ကလဲစိုင်းဠုယျာနဲ့ရည်ရည်ကိုတွဲမြင်တာနဲ့ သူနာကျင်ရတယ်။ ဘာ့ကြောင့်လဲမသိပေမယ့် အဲ့နေ့တုန်းသူ့နှလုံးကနာကျင်လာတာ စိုင်းဠုယျာကြောင့်လို့ထင်တာကြောင့် စိုင်းဠုယျာကိုထွက်သွားဖို့ပြောလိုက်ရတာ။ သူနဲ့စတွေ့တုန်းကလဲ အဲ့လိုနာကျင်ရတာပဲမလား။ ရည်ရည်ကတော့ ကုမ္ပဏီရဲ့ MD ကိုထွက်သွားခိုင်းလိုက်တာကြောင့်အားနာနေသလို။ စိုင်းဠုယျာလဲ အဲ့နေ့ထဲကစပြီး အလုပ်သဘောအရပဲခေါ်ပြောဆက်ဆံတော့သည်။ သူတို့ဆက်ဆံရေးကပြန်တည်သွားပြန်၏။ ဒီလိုကျတော့လဲ ထင်ရိုင်းနောင်ကမနေတတ်သလိုဖြစ်နေသည်။
ဒေါက်~ဒေါက်~ဒေါက်
တံခါးသုံးချက်ခေါက်သံကြားပြီး ဝင်သာသူကိုထင်ရိုင်းနောင်ကြည့်လိုက်၏။ အခုတော့ ပုံမှန် style pant နဲ့ပဲဖြစ်သည်။ အရင်လိုသူ့ကိုတွေ့ရင်ပြုံးပြတာမရှိတော့ ခပ်တည်တည်ပင်။ ဟိုနေ့ကကိစ္စကိုယ်လွန်သွားလို့လား။ သူလဲတောင်းပန်ချင်ပါသည် ဒါပေမယ့်ဘယ်လိုစကားစရမယ်မှန်းမသိ။ စားပွဲပေါ်သူရှေ့တည့်တည့်ရောက်လာတဲ့ဖိတ်စာ။
"မစံပယ်မတွေ့လို့ တစ်ခါထဲဝင်ပေးလိုက်တာပါ Mahar Construction က dinner ဖိတ်စာ"
ဖိတ်စာကိုစားပွဲပေါ်ချပြီး ပြန်လှည့်သွားတဲ့လူကြောင့်
"စိုင်းဠုယျာပါ တက်မှာလား"
အဲ့တော့မှ သူ့ရှေ့ပြန်လှည့်လာတဲ့ စိုင်းဠုယျာ
"တက်မှာပါ Mahar Construction က Jade Group ရဲ့ decorations ပဲသုံးနေကျတာရော ပြီးခဲ့တဲ့နှစ်တွေကလဲ တက်နေကျဆိုတော့"
"ဟုတ်ပြီ ကုမ္ပဏီကပဲ သွားမှာလား"
"မသိသေးဘူး ခင်ဗျ၊ CEO သွားမယ်ဆို PA မစံပယ်ကိုစီစဉ်ခိုင်းလို့ရပါတယ်"
တကယ်ပါအရင်ကလို သူစီစဉ်ပေးရမလား ဘာလားမမေးတော့ စကားကိုလိုတာထက်ပိုမပြော။ တကယ်ဆို ထင်ရိုင်းနောင်တောင်းပန်ချင်နေတာပါ ဘယ်ကစကားစရမှန်းမသိလို့လား ဟိုမေးဒီမေးလုပ်နေတာ။
YOU ARE READING
နေဝင်ချိန် (Complete) Rebirth Uni & Zawgyi
Fantasyထင်ရိုင်းနောင် + စိုင်းဠုယျာ 5th Creation Start : 31.3.2022 End : 24.4.2022 ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ Hsu ထင်ရိုင်းနောင် + စိုင်းဠုယျာ ကိုယ်ရေးသော fic...