Part 14

5.5K 398 12
                                    

Unicode

ထင်ရိုင်းနောင် အခန်းအပြင်အဆင်ကိုကြည့်ပြီးသဘောကျနေတာဖြစ်သည်။ အထဲမှာ ဂမုန်းပင်လေးတွေထည့်ပေးထားသလို စားပွဲပေါ်မှာလဲ ကျောက်အိုးအသေးလေးနဲ့ ဘွန်ဆိုင်းပင်လေးတွေတင်ပေးထားတာဖြစ်၏။ အခန်းထဲလျှောက်ကြည့်နေတုန်း ဒယ်ဒီဖုန်းဆက်တာကြောင့် ဒယ်ဒီနဲ့စကားပြောနေတာဖြစ်၏။ အပြင်ကနေတံခါးခေါက်သံကြားပေမယ့်လှည့်မကြည့်ဖြစ် ဖုန်းပြောပြီးမှလှည့်ကြည့်ဖြစ်၏။

"မောင်.."

ထိုသူကသူ့ကိုမောင်လို့ခေါ်ကာ ထိုသူ့မျက်လုံးထဲမှမျက်ရည်တွေကျလာနေပြီ။ ထိုသူရဲ့ခေါ်သံနဲ့အတူမျက်ရည်တွေမြင်ရတာသူ့နှလုံးသားကိုဆူးအောင့်လာစေတယ် တစ်ယောက်ယောက်ကဆွဲညှစ်ထားသလို။ သူလက်တစ်ဖက်နဲ့ရင်ဘတ်ကိုဖိထားကာ လှဲကျမလိုဖြစ်သွားတာမလို့ စားပွဲကိုလက်တစ်ဖက်နဲ့ထောက်ထားရ၏။ သူချွေးစေးတွေထွက်လာနေပြီ ရင်ထဲမှာလဲ တဒိန်းဒိန်းနှင့်။

"မောင်.."

"မခေါ်နဲ့!"

ထိုလူထပ်ခေါ်လာတာကြောင့် တားလိုက်ရသည်။ ထိုလူရဲ့မောင်လို့ခေါ်လိုက်တဲ့အသံက သူ့ကိုသတ်နေသလိုပင်။

"ရ...ရရဲ့လား ဟင်"

သူ့ဆီကိုလာဖို့ကြိုးစားနေတဲ့ ထိုလူကြောင့်

"မလာနဲ့ ခင်ဗျားကျုပ်နားကိုမလာနဲ့"

စိုင်းဠုယျာဘာလုပ်ရမှန်းမသိ။ သူအရမ်းဝမ်းနည်းနေတယ်။ အပြင်မှာမျက်နှာကိုမြင်လိုက်နဲ့ အိပ်မက်ထဲကဝေဝါးနေတဲ့မျက်နှာကိုမြင်လိုက်ရသလို သူ့နှုတ်ကလဲထွက်သွားသည် "မောင်"တဲ့။ ဒါပေမယ့် သူသုံးနှုန်းလိုက်တဲ့ နာမ်စားက ဘာကြောင့်သူ့ကိုဒီလိုနာကျင်စေသလဲ။ သူမက်နေတဲ့အိပ်မက်တွေအရ သူတို့အတားအဆီးတွေ ‌မကြောက်မရွံ့အကုန်ဖြတ်ကျော်ရ‌လောက်အောင် သူတို့ချစ်ခဲ့ကြတာမလား။ သူပြန်ထွက်သွားတာကောင်းလိမ့်မည်ဟုတွေးမိသည်အထိ မျက်ရည်တွေသုတ်ကာပြန်ထွက်သွား၏။

စိုင်းဠုယျာပြန်ထွက်သွားတာနဲ့ ဆုံလည်မှာထိုင်ချကာ ‌အသက်ကိုပြင်းပြင်းရှုနေတဲ့ ထင်ရိုင်းနောင်။ ထိုလူက သူ့ကိုမောင်လို့ခေါ်လိုက်တာ ယောကျာ်းလေးအချင်းချင်းလေ။ သူကရော လူတစ်ယောက်ဆီကမောင်လို့ခေါ်ခံရတာကို ဘယ်နဲ့ကြောင့်ဒီလိုခံစားနေရတာလဲ။ သူရဲ့ပထမဆုံးရုံးတက်ရက်ကစိတ်ရှုပ်စရာတွေနဲ့။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiWhere stories live. Discover now