Part 2

8.4K 608 1
                                    

Unicode
(April fool မှာကိုယ်က surprise တိုက်မယ်ပေါ့နော် စိုင်းဠုယျာလေးကြီးတဲ့အပိုင်းထိ ရေးပြီးတာကြောင့် အဲ့အပိုင်းထိ ဒီနေ့ပြည့်အောင် up ပေးမယ်)

ထမင်းစကျွေးတဲ့အရွယ်ထဲကအသားနဲ့ဆိုကျွေးလို့မရတဲ့ မောင်ငယ်လေးအတွက်တစ်နေ့တစ်မျိုးမရိုးရအောင်အသီးအရွက်ကြော်၊ ဆီချက်၊ ငါးကြော် တို့ကိုခင်ဦးကစိတ်ရှည်ရှည်နဲ့ တစ်သီးတစ်သန့်ပြင်ဆင်ပေး၏။ မောင်ငယ်လေးအတွက် အမပင်လှည့်ကြည့်စရာမလို။ သူမ,မောင်ငယ်လေးကိုအချစ်ပိုရတဲ့ခင်ဦးက ထမင်းကျွေးရေချိုးသနပ်ခါးလိမ်းပေးတာမှအဆုံးအကုန်လုပ်ပေး၏။ အခုဆိုမောင်ငယ်လေးက ၁နှစ်သားအရွယ်လေးဖြစ်နေပြီ။ သူ့လက်ထဲမှာ ကဆုန်ပေါက်နေတဲ့မောင်လေးက "တခစ်ခစ်" ရယ်ရင်းသူ့မျက်လုံးထဲမြင်မြင်သမျှအရာတွေကိုလိုက်ကြည့်နေ၏။

"သမီး ခင်ဦး ဒီကနေ့ ကျော်ရှိန်တို့မိသားစုအိမ်ကိုလာလိမ့်မယ်၊ ထမင်းပါစားမှာဆိုတော့ ပြည့်ပြည့်စုံစုံချက်ထားအုန်း"

"ဟုတ်ကဲ့အဘ"

အဘ ဘာကိုဆိုလိုတာလဲခင်ဦးနားလည်လိုက်၏ အစ်ကိုကျော်ရှိန်တို့ဘက်ကခင်ဦးကို လာရောက်စပ်ဟပ်တာဖြစ်လောက်၏။ ဝက်သားကိုဆီပြန်လုံးချက်ရ၏။ ဝက်သားကိုဆား၊ နနွင်း၊ ဟင်းခက်မှုန့်နဲ့အရင်နယ်ထားကာ ကြက်သွန်ဖြူတစ်မွှာနှစ်မွှာကြက်သွန်နီ ၃ဥလောက်နဲ့ငရုပ်သီးမှုန့်လိုသလောက်ထည့်ထောင်းပြီးမှ အခုဏ နယ်ထားတဲ့ ဝက်သားထဲထည့်ကာဆီထည့်၍နယ်ပြီးကြက်သွန်နီလေးစိပ်ကွဲ၅လုံးလောက်လှီးထည့်ကာ အရင်လုံးရ၏။ လုံးရင်းကပ်မှာဆိုးတာကြောင့်မွှေပေးရသေးသည်။ လုံးရေခမ်းပြီးဆီထွက်ပြီဆိုမှ ဝက်သားနူးမည့်ရေပမာဏထည့်ကာ အဖုံးအုပ်၍မီးထိုးရသည်။ ငါးပိရည်ကိုငရုသီးစိမ်းမီဖုတ်ဖျော်ကာ အတို့အမြုပ်က မြင်းခွာရွက်၊ ဘူးသီးအသေးလေးတွေ ခရမ်းသီးအသေးလေးတွေပြုတ်ထား၏။ ငါးကြော်နှပ်တစ်ခွက်ပါပြီး ကင်ပွန်းချဉ်နဲ့ပဒက်စာ ကိုဟင်းချိုချက်ထား၏။ မောင်ငယ်လေးအတွက် ငါးကိုအဖြူသယ်ခပ်ပျော့ပျော့ကြော်ကာ ကြက်သွန်နီနဲ့ပြန်လှိမ့်ပေးထားသည်။

ချက်ပြုတ်ပြီးနေ့လည်ထမင်းစားချိန်မရောက်ခင် ပူလွန်းတာကြောင့် ရေချိုးရုံထဲသွားကာရေချိုးရင်း တစ်ခါထဲမောင်ငယ်လေးပါရေချိုးပေး၍ သနပ်ခါးလိမ်းအဝတ်လဲလုပ်ပေးရ၏။ မောင်ငယ်လေးနဲ့သနပ်ခါးလိမ်းပြီးဆင်းမလို့လုပ်တော့အောက်မှာ အစ်ကိုကျော်ရှိန်တို့ရောက်နေပြီထင် စကားသံတွေကြားရ၏။ ဆင်းမလို့လုပ်ပြီးကာမှ အနည်းငယ်ရှက်ရွံ့တာကြောင့် ဆင်းရမလားမဆင်းရရင်ကောင်းမလား တုံ့ဆိုင်းနေ၏။ ဒါကိုအမကမြင်သည်ထင်

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiTempat cerita menjadi hidup. Temukan sekarang