Unicode
ကားပေါ်မှာသူခေါ်တဲ့နောက်ငြိမ်ငြိမ်မလိုက်ရင် တစ်ခါထဲကားတင်ပြေးမှာဆိုပြီး ခြိမ်းချောက်ထားတာကြောင့်ခေါ်လာတဲ့နောက်လိုက်လာကာ စူပုတ်နေတဲ့ရုပ်နဲ့သူ့မကြည့်ပဲဆိုဖာမှာထိုင်နေ၏။ သူ့ဘေးကိုယ်ကကပ်ထိုင်ရင်လဲ ကိုယ်နဲ့လွတ်ရာကိုပြောင်းထိုင်၏။ နောက်ဆုံးသူထိုင်နေတဲ့ဆိုဖာရှေ့ကစားပွဲပေါ်ပြောင်းထိုင်ကာ သူ့ဒူးတွေကိုကိုယ့်ဒူးကြားညှပ်ကာချုပ်ပြီး လက်နှစ်ဖက်လဲဆွဲကိုင်ထားလိုက်သည်။ ဒါတောင်လှုပ်လို့မရလို့ သူ့ကိုမကြည့်မျက်နှာကိုတစ်ဖက်စောင်းချထားသည်။ တကယ်ချော့ရခက်နေတာ နုရည်ရည်ကိုမချစ်ပါဘူးလို့ တွေ့တိုင်းပြောပြနေတာလက်မခံ။ မသိဘူး မင်းနဲ့ငါဘာမှမဆိုင်ဘူး လာမပတ်သတ်နဲ့ ဆိုတာတွေပဲရွတ်နေ၏။ အခုတော့ကိုယ့်စိတ်က ချော့ချင်တာသိပ်မရှိ ချော့လိုမရရင်ကြမ်းမှဖြစ်တော့မည်။ ဒီကြားထဲကားပေါ်မှာ သက်ဇော်နဲ့ဘယ်တုန်းရင်းနှီးတာလဲ အခုရောဘာပြောတာလဲမေးလိုက်တော့ သူ့ကို propose လုပ်လိုက်တာဆိုထဲကစိတ်ထဲမှာဒေါသကထွက်နေတာ။ ကိုယ်ပြောပြတာကိုကျ လက်မခံပဲတခြားသူရည်းစားစကားပြောတာကိုကျတော့ နားထောင်လာတယ်။ ကွန်ဒိုအောက်ရောက်ထဲက အတင်းရုန်းကာပြန်မယ်လုပ်နေသူကို ခပ်ကြမ်းကြမ်းဆွဲခေါ်ပြီးအခန်းထဲထည့်ပိတ်ထားလို့ငြိမ်နေတာ။ ကိုယ့်ကွန်ဒိုရောက်နေလို့ပေါ့ သူ့နေရာသာကိုယ်ရောက်နေလို့ကတော့ ပက်ခနဲပက်ခနဲ ပြန်ပြောပြီးရန်တွေ့မှာမြင်ယောင်သေးတယ်။ အေးဆေးဆေးရှင်းပြပြီးစကားပြောဖို့လုပ်တုန်းကလက်မခံ။ အေးဆေးချော့နေတာကို လက်မခံတဲ့သူကိုဒီလိုချောင်ပိတ်ပြီး အကြပ်ကိုင်ချော့မှဖြစ်တော့မည်။
"ဠုယျာ မောင့်ကိုကြည့်"
"...."
"ဠုယျာ!"
"လာမအော်နဲ့"
အသံနည်းနည်းမာသွားတာကိုသူ့ကိုအော်သည်တဲ့။
"ကျစ်! အော်နေတာမဟုတ်ဘူး မောင့်ကိုကြည့်လို့ပြောနေတယ်"
"မကြည့်ဘူး"
"ဟာကွာ"
သူမတ်တပ်ထရပ်ကာ ဝတ်ထားတဲ့ကုတ်ကိုချွတ်ကာ တစ်ဖက်ဆိုဖာပေါ်ကိုခပ်ကြမ်းကြမ်းပစ်ချလိုက်၏။ အဲ့တော့မှပေစောင်းစောင်းနဲ့တစ်ချက်ကြည့်ကာချက်ချင်းအကြည့်ပြန်လွှဲသွား၏။ ဒါတောင်ဆိုဖာပေါ်ထောက်ထားတဲ့လက်ကလေးတွေက ဆိုဖာကိုကုတ်ခြစ်နေသည်။
YOU ARE READING
နေဝင်ချိန် (Complete) Rebirth Uni & Zawgyi
Fantasyထင်ရိုင်းနောင် + စိုင်းဠုယျာ 5th Creation Start : 31.3.2022 End : 24.4.2022 ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ Hsu ထင်ရိုင်းနောင် + စိုင်းဠုယျာ ကိုယ်ရေးသော fic...