Part 29

7K 411 13
                                    

Unicode

သားကိုရင်ခွင်ထဲထည့်ကာအိပ်နေတဲ့စိုင်းဠုယျာကို ထင်ရိုင်းနောင်ကနောက်ကနေရင်ခွင်ထဲထည့်ကာ နှစ်ယောက်စလုံးကိုဖက်ထား၏။ တစ်ဖက်မှာတော့ဖက်လုံးတွေနဲ့ကာထားရသည်။ သားကအအိပ်ကြမ်းတော့ပြုတ်ကျမှာကြောင့်ဖြစ်၏။ တစ်ခါတစ်လေလဲ သားကအလည်မှာအိပ်တတ်သည်။ အလည်မှာအိပ်လို့ သူ့ဒယ်ဒီ‌မွှေရင် အလည်မှာမအိပ်တော့ပဲ စိုင်းဠုယျာပေါ်ကုတ်ဖဲ့တက်ကာ တစ်ဖက်ကိုလျောချပြီး အိပ်၏ သူ့ဒယ်ဒီမွှေလို့မရဘူးဆိုတဲ့ အသိလေးနဲ့။

"မောင် လက်ခဏဖယ်အုန်း ထမလို့"

"ဟင်း...မထနဲ့အုန်းဖက်အိပ်အုန်းမယ်"

"ရေချိုးခန်းဝင်မလို့ကွာ ခဏဖယ်အုန်းသားနားကပ်အိပ်"

ရေချိုးခန်းဝင်မလို့ဆိုမှဖယ်ပေး၏။ သားနားကပ်အိပ်ဆိုတော့ လူးလှိမ့်ကာသားဘေးရောက်သွားတော့သည်။ ရေချိုးခန်းဝင်ရင်းရေတစ်ခါထဲချိုးကာထွက်လာတဲ့ စိုင်းဠုယျာကတော့ သားနဲ့သူ့ဒယ်ဒီကိုကြည့်ကာ ရယ်နေလေရဲ့။ သူ့ဒယ်ဒီလက်မောင်းကိုပါးနဲ့အုန်းကာ အိပ်နေတဲ့သားက သူ့ဒယ်ဒီမျက်နှာပေါ်ကို ထောက်ဖောင်းဖောင်းလေးတွေနဲ့ခြေထောက်တစ်ဖက်ကကားကားလေးတင်ထားလေရဲ့။ လက်မောင်းပေါ်မှာလဲ သားရဲ့သွားရည်တွေကစီးကျနေ၏။ မောင့်ကိုကြည့်တော့လဲ ပက်လက်နဲ့ပြန်အိပ်ပျော်နေသည် သူ့မျက်နှာပေါ်သားခြေထောက်ရောက်လို့ရောက်နေမှန်းမသိ။

"အင့်~အင့်~~"

မျက်နှာပေါ်မှာရှိတဲ့သားခြေထောက်ကလှုပ်လာကာ ပါးစပ်မှလဲ တအင့်အင့်နှင့် သူ့ဒယ်ဒီမျက်နှာအနှံ့ကိုခြေထောက်နဲ့လိုက်ပွတ်နေသည်။ သူသားခြေထောက်ကိုဘေးချပေးကာ

"သား မလုပ်ရဘူးဒယ်ဒီကို ငရဲကြီးလိမ့်မယ်"

"ဠုဠုကလဲ သားလုပ်ပါစေ ဘယ်မှာလဲအဲ့ခြေထောက် လာခဲ့တွေ့မယ်"

သားခြေထောက်ကိုပြန်ဆွဲကာ ခြေဖဝါးဥဥလေးကိုသွားနဲ့တတိတိကိုက်၏။ သားကခြေထောက်တွေလေပေါ်မြှောက်ကာ တခစ်ခစ်ရယ်ရင်းရုန်းသည်။ ကိုက်ပါလဲများလာရော ရယ်နေသူကငိုမဲ့မဲ့ဖြစ်လာတော့သည်။ သူသားငိုမဲ့မဲ့ဖြစ်မှ မောင်ကရပ်တော့သည်။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiWhere stories live. Discover now