Part 15

5.7K 412 4
                                    

Unicode

စိုင်းဠုယျာ ဒီနေ့ရုံးသွားတာခါတိုင်းနှင့်မတူ။ ပုဆိုးနဲ့ရှပ်လက်ရှည်အဖြူ ကတီပါဖိနပ်အမဲလေးနှင့်။ ဒါကမေမေဝယ်ပေးထားတာရော သူအိပ်မက်တွေမက်ပြီးဝယ်ဖြစ်တဲ့ဟာလေးတွေ ၃/၄ စုံတော့ရှိ၏။ သူအပေါ်ထပ်ကဆင်းလာရင်ပဲ

"အိုး သားဠုဠု၊ အမလေး ငါ့သားလေးကဒီလိုလေးဆိုတော့လဲ ကြည့်ရတာမျက်စိကိုအေးနေတာပဲ"

"ဟင် မေမေကလဲ အရင်ကရောဘာတွေဝတ်နေလို့လဲ"

"အရင်ကလဲရှင်းရှင်းလေး အခုလိုလေးကပိုတောင်ကြည့်ကောင်း"

"ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေပြန်ပြီ"

သားအမိနှစ်ယောက်စကားပြောနေတုန်း စိုင်းဠုယျာဖေဖေကဝင်လာ၏။

"ကိုသိန်းမင်း ဒီနေ့ဘယ်ထွက်အုန်းမလဲ"

"ဟိုကောင် ကျော်ဝင့်ဆီကိုပါ သူ့အမျိုးသမီးပြန်ရောက်နေတယ်ဆိုလို့ သွားတွေ့အုန်းမလားလို့"

"အော် ဒါနဲ့သားဠုဠု ဟိုကလေး CEO နဲ့အဆင်ပြေလား"

"ပြေပါတယ် မေမေ"

မနက်စာစားပြီးမှသူကားလေးမောင်းကားထွက်ခဲ့၏။ Jade Group အဆောက်အဦးအတွင်းကားလေးပါကင်ထိုးကာ အထဲဝင်လာခဲ့၏။ ကုမ္ပဏီရှိဝန်ထမ်းတွေကတော့ သူတို့ MD ကိုကြည့်ကာမျက်တောင်မခက်ပဲငေးကြသည်။ စိုင်းဠုယျာကတော့ elevator ဆီခပ်သွက်သွက်လေးလျှောက်ကာ ပိတ်ခါနီး elevator ကိုလက်ကလေးခံလိုက်ပြီးဝင်လိုက်၏။ အထဲလှမ်းလိုက်တဲ့ခြေလှမ်းလေးက elevator ထဲရောက်နှင့်ပြီးသားလူကြောင့်တန့်သွား၏။ ပြီးမှ

"CEO morning"

"Morning!"

CEO နောက်ဖက်ကိုသွားကာ ရပ်ပြီးတိတ်စိတ်စွာလိုက်ပါခဲ့သည်။ ထင်ရိုင်းနောင်ကတော့ သူ့ရဲ့မျက်လုံးထဲဝင်လာတဲ့ ဖြူဖြူသွယ်သွယ်ကတိပါဖိနပ်နဲ့ခြေထောက်လေး။ ပုဆိုးနဲ့ရှပ်လက်ရှည်ဝတ်ထားတဲ့ MD ဖြစ်တဲ့စိုင်းဠုယျာက ဒီလိုကြတော့လဲ အကြည့်မလွှဲချင်စရာ။ သူနဲ့စတွေ့တုန်းကလိုတော့ ဝမ်းနည်းနေတဲ့ပုံရိပ်မတွေ့ရ။

"စိုင်းဠုယျာ!"
"CEO!"

နှစ်ယောက်စလုံးကပြိုင်တူအသံထွက်လာ၏။ အဲ့တော့မှ နှစ်ယောက်မျက်နှာချင်းဆိုင်ကြည့်မိလိုက်သည်။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiWhere stories live. Discover now