Part 9

5.3K 404 8
                                    

Unicode

သက်ဇော်လဲ ညီအောင်နဲ့နုရည်မပြန်ခင်အထိဦးသိန်းဖေတို့အိမ်ကိုဝင်ထွက်နေတာဖြစ်၏။ သူလာတိုင်းလဲ စိုင်းဠုယျာကိုမတွေ့ ထင်ရိုင်းနောင်နဲ့တော့တစ်ခါတစ်လေဆုံဖြစ်ပြီးသူတို့နှစ်ယောက်စလုံးတစ်ယောက်နဲ့တစ်ယောက်စကားမပြောကြ။ နုရည်နဲ့ညီအောင်ပြောချက်အရ စိုင်းဠုယျာကအဲ့လိုပဲနေတတ်တာဖြစ်ပြီး ထင်ရိုင်းနောင်နဲ့တော့ရင်းနှီးသည်တဲ့။ စိုင်းဠုယျာအကြောင်းမေးရင် နုရည်ရဲ့ဘဝင်မကျတဲ့မျက်နှာကို သက်ဇော်ဖမ်းမိနေတာကြာပြီး သူမေးမှဖြစ်မည်ဟုတွေးမှတ်ထား၏။ စိုင်းဠုယျာနဲ့ဖြတ်ခနဲမျက်လုံးချင်းစုံမိရင်တောင် အပြုံးမမည်တဲ့အပြုံးလောက်ပဲစွန့်ကျဲတာဖြစ်သည် ဒါကသူ့တင်မဟုတ် နုရည်နဲ့ညီအောင်ကိုလဲအဲ့လိုပင်။ ထင်ရိုင်းနောင်နဲ့ဆိုဒီလိုမဟုတ် စိုင်းဠုယျာကထင်ရိုင်းနောင်နဲ့ဆို အပြုံးတွေအများကြီးစွန့်ကျဲတတ်တာတွေ့ရသည်။ အခုလဲသူဒီအိမ်ရောက်နေတာ သူခြံထဲဝင်လာထဲက ထင်ရိုင်းနောင်နဲ့စိုင်းဠုယျာက ဟိုဘက်ကသူ့မမကြီးအိမ်ဘက်ကူးသွားပြီဖြစ်သည်။ သူနဲ့နုရည်ပဲရှိ၏ ညီအောင်ကတော့ဒီအိမ်ကအစ်ကိုနဲ့လယ်ထဲလိုက်သွားသည်ဟုဆို၏။ တစ်ဖက်အိမ်က မမကြီးကိုထင်ရိုင်းနောင်နဲ့စိုင်းဠုယျာက ဘာတွေပြောနေလဲတော့သူတို့မသိ။

"နုရည် စိုင်းဠုယျာမှာရည်းစားရှိလား"

"ရှိတော့ရှိတယ် ဒါပေမယ့်ပေါင်းဖက်ရမယ့်သူမျိုးမဟုတ်ဘူး"

"ဘာဖြစ်လို့လဲ"

"ဒီလိုပါပဲ"

"နင်ရော နင်လိုချင်တဲ့အချစ်ကိုရပြီလား"

"..."

"ငါကူညီပေးရမလား"

"ဘာကိုလဲ"

"နင် ဟိုကောင့်ကိုကြိုက်နေတာမလား"

"သက်ဇော်!"

နုရည်ကပတ်ဝန်းပျင်ကိုချက်ချင်းဝေ့ဝဲကြည့်လိုက်သည်။ ဒါကကျော်ကြားလို့မကောင်းသေး။

"ငါရိပ်မိတယ်လေ ငါကတော့သဘောမကျပေမယ့် ငါလိုချင်တာလေးရှိလို့ကူညီတာ"

"နင်ကဘာဖြစ်ချင်တာလဲ"

"နင်အရင်ဆုံး ငါ့ကိုပွင့်ပွင့်လင်းလင်းပြော စိုင်းဠုယျာကို ထင်ရိုင်းနောင်ကြိုက်နေတာမလား"

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiDonde viven las historias. Descúbrelo ahora