Part 23

6.4K 414 7
                                    

Unicode

မကောင်းမှန်းသိသိနဲ့တူညီသောလမ်းကိုဆက်လျှောက်နေမိတဲ့ နုရည်ရည်။ တူညီသောအစီအရင်အတိုင်းအခန်းထဲမှာနေကာ ဘယ်သူမှသတိမထားမိအောင်လုပ်‌နေသည်။ ပြီးခဲ့ဘဝတုန်းက ဒီလိုအစီအရင်ထပ်လုပ်ရင် ထိခိုက်မယ်ဆိုတာမေ့နေတာလား သိသိရဲ့နဲ့ဆက်လုပ်နေတာလား။ နေ့စဉ်လက်ကနေသွေးတွေဖေါက်ထုတ်နေကာ ပါးစပ်မှလဲ တတွတ်တွတ်နဲ့ရေရွတ်နေတာ ဘာတွေရေရွတ်နေလဲ သူမကိုယ်တိုင်ပဲသိလိမ့်မည်။ သူမကိုယ်သူမသတိမထားမိတာလားကောင်းကောင်းအိပ်မပျော်တာတွေ တစ်ခါတစ်လေသွေးအံနေတာတွေရှိနေတာ။ ဘယ်အရာမဆိုတစ်ခုလိုချင်ရင်တစ်ခုပေးဆပ်ရတယ်မလား အခုဖြစ်နေတာတွေက သူမကောင်းကြံနေပေမယ့်ခွင့်လွှတ်ကာမေတ္တာပို့ပေးနေသူရဲ့မေတ္တာစူး,စူးနေပြီလား။ ဒါတွေကိုသတိမထားမိပဲ ‌လမ်းမှားကိုဆက်လျှောက်နေတာ သူမမိဘတွေမောင်နှမတွေကလဲ သတိမထားမိ။ ထင်ရိုင်းနောင်တို့အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေပြန်ယူရင်း တစ်လမျိုးနှစ်လမျိုးနေခွင့်ပြုပါတောင်းဆိုလာတော့ သူ့မိဘတွေလဲခွင့်ပြုလိုက်၏။ သူမပြန်သွားပြီး လက်စသတ်စရာတွေရှိသေးတယ်မဟုတ်လား။ တူညီတဲ့လုပ်ကြံမှုမျိုးကိုဖန်တီးဖို့သူမကိုယ်တိုင်လှုပ်ရှားမည်။ မအောင်မြင်ခဲ့ရင်သူမ,မရတဲ့သူကိုစိုင်းဠုယျာလဲမရစေရ သူမနဲ့အတူဆွဲခေါ်သွားဖို့ပါ စဉ်းစားထား၏။ အရင်ဘဝလဲ ကိုယ့်ဘက်ကစခဲ့တာကိုအငြင်းခံရ အခုလဲအငြင်းခံရတာ သူမကိုဒေါသပိုထွက်စေသည်။ စိုင်းဠုယျာကဘာကြောင့် သူမထက်နောင့်ကိုအမြဲလိုလိုပိုင်ဆိုင်နေရတာလဲ။ အခန်းထဲမှာ လက်သည်းတွေဖဲ့ကိုက်ရင်း နှာခေါင်းကနေသွေးတွေစီးကျလာတာကိုသတိမမူမိ။ ပြန်ရင်လဲ နောင်တို့အိမ်မှာတည်းဖို့ သူမမေမေကိုပြောခိုင်းတာကြောင့် မေမေကပြောပေး၏။ နောင့်ဖေဖေဦးကျော်ဝင်ကတော့ ရပါတယ် နေလို့ရပါတယ်ဟုပြောသည်။ ဒါကလဲအန်တီမယ်ကြောင့်လဲပါ၏ အန်တီမယ်ကသူမကိုအားနာကာ ပြောပေးတာကြောင့် နေခွင့်ရတာဖြစ်သည်။ အခုချက်ချင်းလဲသွားဖြစ်မှာမဟုတ်သေး သူမကိုစိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး မာမီတို့က လရှည်ခရီးတစ်ခုစီစဉ်ပေးထားပြီး မောင်နှမတွေအကုန်သွားကြမှာဖြစ်သည်။ ခရီးကပြန်လာရင်တော့ သူမအစီအစဉ်ကိုအကောင်အထည်ဖော်တော့မှာဖြစ်သည်။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiTahanan ng mga kuwento. Tumuklas ngayon