Part 20

6.9K 428 20
                                    

Unicode

ငိုနေသူကိုပွေ့ကာရင်ခွင်ထဲထည့်ပြီးဆိုဖာမှာထိုင်နေတာ မိနစ်အနည်းငယ်ကြာနေပြီဖြစ်သည်။ ရင်ခွင်ထဲက ဠုယျာကသူ့ရင်ဘတ်ကိုမျက်နှာအပ်ထားပြီး အခုတော့ငိုသံမထွက်တော့။ ရင်ခွင်ထဲထည့်ထားရင်း ဠုယျာခေါင်းလေးကိုနမ်းရတာလဲသူ့မှာတစ်လုပ်။ ပွေ့ထားတဲ့ရင်ခွင်ထဲကသူကလှုပ်လာပြီး သူ့ကိုမကြည့်ပဲမျက်နှာလွှဲကာ

"ဖယ်!"

သူ့လက်တွေဆွဲဖြုတ်ပြီး အခန်းထဲဝင်သွား၏။ သူနောက်ကလိုက်သွားတေ့အိပ်ခန်းထဲမှာမရှိ ရေချိုးခန်းထဲမှာဖြစ်လောက်သည်။ ရေချိုးခန်းတံခါးသွားလှည့်ကြည့်တော့ အထဲကလော့ချထား၏။ နေပါအုန်းရေချိုးခန်းထဲဝင်တာ လော့ချစရာလိုလို့လား ဒီမှာသူတို့နှစ်ယောက်ပဲရှိတာလေ။ သူမျက်ခုံးတွေတွန့်ချိုးသွားပြီး ရှေ့တည့်တည့်မှာရပ်စောင့်နေလိုက်၏။

ချပ်~

တံခါးပွင့်ကာထွက်လာသူက မျက်နှာသစ်လိုက်ပုံရ၏။ ကြည်လင်နေပြီးဖြူဥနေတာ အခုဏငိုထားတာကြောင့် မျက်ခွံလေးတွေမို့နေကာနှာခေါင်းထိပ်လေးကရဲနေသေးသည်။ သူ့ကိုတွေ့တော့ ရှေ့လာမယ့်ခြေလှမ်းကခဏရပ်တန့်သွား၏။ သူ့ဆီအကြည့်တစ်ချက်ပို့ကာ ကျော်သွား၏စကားလဲမပြော။ သူနောက်ကလက်ကိုလှမ်းဆွဲတော့ခါချသည်။ သူမျက်မှောင်ကျုတ်လိုက်ကာအပြင်ထွက်သွားသူနောက်လိုက်ပြီး

"ဠုယျာ!"

"ပြန်တော့လေ ဘာလုပ်နေတာလဲ"

"ဠုယျာ.."

ပေတေတေနဲ့သူခေါ်တာကိုကြည့်နေ၏။ တကယ်အသဲယားဖို့ကောင်းပြီး ဆွဲကိုက်ချင်လာသည်အထိပင်။ သူရောက်ထဲကငြိမ်နေပြီး အခုမှဘာထဖောက်လဲမသိ။

"ဠုယျာ မောင်.."

"ဘာကိုမောင် မင်းနဲ့ငါဘာဆိုင်လို့လဲ"

"ဘယ်လို!"

"ဟုတ်တယ်လေ group တစ်ခုထဲမှာ အလုပ်လုပ်နေတဲ့စီးပွားဖက် မင်းမှာလဲဇနီးလောင်းနဲ့"

"ဟာကွာ ဠုယျာမောင့်ကိုနောက်နေတာလား"

"မနောက်ပါဘူး အမှန်ပဲလေ"

ပေတေတေစောင်းတောင်းတောင်းနဲ့ဠုယျာကတကယ်စိတ်ရှိတိုင်းလုပ်လိုက်ရင်လဲ နာအုန်းမယ်။ သူရှေ့တိုးကာလက်ကိုလှမ်းဆွဲမလို့လုပ်တော့ လက်တွေကိုနောက်ကိုဖွက်ပစ်၏။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiWhere stories live. Discover now