အမှာစကား

20K 449 5
                                    

Unicode
အားလုံးပဲ မင်္ဂလာပါ။

"နေဝင်ချိန်" ဆိုတဲ့ fic ကို "ကိုယ်ပိုင်တဲ့နေရာနဲ့ Lockdown Again" လေးရေးရင်းနဲ့စိတ်ကူးထဲဝင်လာခဲ့တာပါ။ နည်းနည်းဆီရေးရင်း ဆက်ရေးရင်ကောင်းမလားမရေးရင်ကောင်းမလား တွေးရင်းရေးပြီးသားတွေပြင်ရင်း တင်မယ်ဆိုပြီး တွေးလိုက်မိတာပါပဲ။ 1800 ကျော် 1900 ဝန်းကျင်ဘက်ကိုသွားမယ့်ပုံစံဆိုပေမယ့် စကားပြောဆိုမှုက အရမ်းရှေးမဆန်ပါဘူး။ ပြီးတော့ ဒါလေးက rebirth အမျိုးအစားလေးပါ။

နေဝင်ချိန်ဆိုတာ လူတစ်ယောက်ရဲ့သေဆုံးချိန်ကိုရည်ညွှန်းထားတာဖြစ်ပါတယ်။ ထင်ရိုင်းနောင်နဲ့စိုင်းဠုယျာလေးကို စောင့်ဖတ်ပေးကြအုန်းမယ်မလား။

ပြီးတော့ကိုယ် Mature on မထားသေးပါဘူး။ ကိုယ့်စိတ်ထဲမှာ အစထဲက Mature on ဖို့ mood မဝင်သေးပါဘူး။ နောက်ပိုင်းမှဆို‌ရင်တော့ စိတ်ပါရင်ပါသလို Warning !! လေးတွေထည့်ပေးပါမယ်။ အော်ဒီအထဲမှာ တောရွာသဘာဝလေးတွေပါမယ်။ ဇာတ်ဆောင်တစ်ယောက်ရဲ့ငယ်ဘဝကစထားတယ်ပေါ့။ ဒီအထဲကပါတဲ့‌ တောသဘာဝကို Hsu ရဲ့မွေးရပ်မြေကကျောရိုးကိုယူထားတာဖြစ်ပါတယ်။

ချစ်တဲ့
Hsu

Zawgyi
အားလုံးပဲ မဂၤလာပါ။




ချစ်တဲ့
Hsu

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiDonde viven las historias. Descúbrelo ahora