Part 25

7K 425 11
                                    

Unicode

(အဟမ်း...)

မိုးလင်းလို့နေ့လည်ရောက်တာတောင်ရောက်မှန်းမသိအောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သူနှစ်ယောက်။ သူတို့ကိုအိမ်ရှိ ဦးကျော်ဝင်အပါအဝင်မည်သူကမှ လာရောက်နှိုးချင်းမရှိ။ အိမ်အောက်မှာ wedding အပြီးချက်ချင်းပြန်ရမှာဖြစ်တဲ့ မာမီကတော့နှုတ်ဆက်ဖို့ထိုင်စောင့်နေလေရဲ့။ သူမအိမ်ကနေ ၂ နာရီလောက်ထွက်မှ လေယာဉ်ချိန်မှီမှာလား။ လက်ကနာရီကိုငုံ့ကြည့်‌လိုက်တော့ ၁နာရီကျော်‌နေပြီဖြစ်သည် အိမ်ပေါ်ထပ်ကလူနှစ်ယောက်ကတော့ ဆင်းလာမယ့်ပုံမရှိပဲတိတ်ဆိတ်နေ၏။ ဦးကျော်ဝင်ကတော့ သူမရှေ့မှာရှိနေပြီး MacBook ထဲမှာဘာတွေကြည့်နေလဲမသိပြုံးပြုံး၊ ပြုံးပြုံးနှင့်။

"၁နာရီ ၄၅ လောက်မှဆင်းမလာရင် ကျမမစောင့်တော့ဘူးကိုကျော်ဝင်"

"အင်း စောင့်မနေနဲ့ ဒီနေ့အောက်ဆင်းရင်ကံကောင်း"

တကယ်ပါဒီအချိန်ထိအိပ်နေနိုင်တယ် ကိုယ့်အမေတစ်ယောက်လုံးပြန်မှာကိုသတိထားပြီးထကြတာမဟုတ်ဘူး။ နောက်ဆုံးဘယ်လောက်စောင့်စောင့်ဆင်းလာမဲ့ပုံမရှိတဲ့သူတွေကိုမစောင့်တော့ပဲ ပြန်ဖို့ဦးတည်ရတော့သည်။ ကိုကျော်ဝင်ကတော့ ခြံရှေ့ထိလိုက်ပို့၏ ကားလဲသူပဲငှားပေးထားတာဖြစ်သည်။ သားတို့နှစ်ယောက်ထဲနေချင်တဲ့အချိန် လွတ်လွတ်လပ်လပ်အပမ်းဖြေတဲ့အချိန် နေလို့ရအောင်မြို့ပြင်နားမှာ Villa အပ်ပေးခဲ့သေးသည်။ စိုင်းဠုယျာလေးကတော့ အဲ့လိုတွေမလိုပါဘူးအန်တီလို့ပြောပေမယ့် ကိုယ်ကတစ်ခုခုလုပ်ပေးချင်နေတာကြောင့် သားအဖေနဲ့တိုင်ပင်ကာ လုပ်လိုက်တာဖြစ်၏။ ကိုယ်ဝင်ငွေတွေကလဲသူတို့အတွက်ပဲလေ နောက်ဆုံးသူတို့အတွက်ပဲချန်ခဲ့ရမှာ။

>>>>>>>>>>

ရင်ခွင်ထဲကကိုယ်လေးကခပ်နွေးနွေးရယ်။ ထင်ရိုင်းနောင်အရင်နိုးသွားကာ ရင်ခွင်ထဲမှဖြူဖြူဥဥလေးရဲ့ခေါင်းရောမျက်နှာတစ်ပြင်လုံးပါ နမ်းလိုက်၏။ အသားတွေစမ်းကြည့်တော့ခပ်နွေးနွေးနှင့်။ ကိုယ့်လက်မောင်းကိုခေါင်းအုံးကာအိပ်နေသူလေးက မျက်ခုံးတွေတွန့်ရင်းလှုပ်လာတော့သည်။ တွန့်လာတဲ့မျက်ခုံးလေးနဲ့ တစ်ညလုံးငိုထားတဲ့မျက်ခွံမို့မို့လေးကိုဖိကပ်နမ်းလိုက်၏။ သူ့ကိုယ်လေးကိုသူလူးလွန့်လိုက်တာနဲ့

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiWhere stories live. Discover now