Prologue

21.4K 785 71
                                    


University College သင်ကြားရေး ဆေးရုံတွင် လူနာတင်ကားများ ပျားပန်းခတ်မျှ ဝင်ထွက် သွားလာ နေကြပြီး လုံခြုံရေးအဖွဲ့များ၊ မီဒီယာများလည်း ရုတ်ရုတ်သဲသဲနှင့် ရှိနေကြသည်။ ဒေါက်တာ ဆည်းဆာဦးက ၅ နာရီ ကျော်ကြာသည့် ခွဲစိတ်မှုကို အပြီးသတ်ပြီး ထွက်လာခါစပင်ရှိသေးသဖြင့် ဆေးရုံ ၏ ပုံမှန်မဟုတ်သော အခြေအနေကို တစ်ချက်ကြည့်နေမိ၏။

"ဒေါက်တာ.. နောက်ထပ် အရေးပေါ်ခွဲစိတ်မှုတွေရှိသေးတယ်။ အရေးပေါ်အခြေအနေက သုံးယောက် လောက်ပါတယ်"

"ဘာဖြစ်တာလဲ"

သူနာပြုမိန်းကလေးက အလောတကြီးဖြင့် သူ့ကိုရှင်းပြလာသည်။ တက္ကသိုလ်ဝန်းအနီးတွင် ပျော်ပွဲရွှင်ပွဲ ကျင်းပနေသော ကျောင်းသားလူငယ်အုပ်ထဲသို့ ထရပ်ကားတစ်စီးက တည့်တည့်မောင်းဝင်လာခဲ့သည်တဲ့။

လန်ဒန်ကဲ့သို့ မြို့ကြီးတွင် ထိုကဲ့သို့သော အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ကြားလာရသည်ဟု ဒေါက်တာဆည်းဆာဦး စိတ်ပျက်စွာ တွေးနေမိသည်။ ထိခိုက်ဒဏ်ရာရသူတွေလည်း အများသား။ အရေး ပေါ်ဌာနမှာက ကျောင်းသားလူငယ်တွေ မိသားစုဝင်တို့နှင့် ပြည့်နေ၏။

သူက Tablet ကိုကြည့်ပြီးနောက် ဌာနတွင်း တာဝန်များခွဲဝေပေးလိုက်ပြီး ကိုယ်တိုင်လည်း နောက်ထပ် တဖန် ခွဲစိတ်ခန်းဝင်ဖို့ ပြင်ရပြန်သည်။ မောပန်းနွမ်းနယ်သည်ဟု ညည်းညူနေ၍မရ။

"ဒေါက်တာ..ကျေးဇူးပြုပြီး ကျွန်တော်တို့ သူငယ်ချင်းကို ရအောင်ကယ်ပေးပါ"

ဤသည်က ခွဲစိတ်ခန်းဝင်ခါနီးတိုင်း ကြားရလေ့ရှိသော တောင်းဆိုစကားပင်။ အာရှမှာဖြစ်စေ၊ အနောက် တိုင်းမှာဖြစ်စေ လူနာရှင်များ၏ ဆန္ဒက ထိုတစ်ခုတည်းဖြစ်၏။ ဒေါက်တာဆည်းဆာဦးလည်း သူ့ရှေ့မှ

ကောင်လေးသုံးယောက်ကို စိတ်အေးအေးထားရန် ပြောလိုက်ရသည်။ ကောင်လေးတွေက ငယ်ငယ်လေး တွေပဲရှိသေးတာ။ လူနာကလည်း ၂၂ နှစ်ဆိုတော့ အရွယ်ကောင်းလေး။

"ကျွန်တော့်အမှားပါ.. ကျွန်တော်သာ.. ကျွန်တော်သာ သူ့ကို ဒီပွဲမခေါ်လာမိရင်.."

Nightfall [Completed]Donde viven las historias. Descúbrelo ahora