26

4.7K 457 54
                                    


#Nightfall #26

သက်ဝေနိုးလာမည်ကို စောင့်နေပေးရင်းဖြင့် ဆရာမကြီးလာပေးထားသော ဓာတ်ပုံအယ်လ်ဘမ်လေးကို တစ်ရွက်ချင်းလှန်ကြည့်နေမိသည်။ သက်ခန့်ဝေ ဆိုသည့်ကောင်လေး၏ ဖြတ်သန်းခဲ့ပုံလေးတွေပါလား ဟူသောအသိက နွေးထွေးစေသကဲ့သို့ စောစောမသိခဲ့ရသည့်အတွက်လည်းနောင်တရရပြန်သည်။ လသားအရွယ်မှာတင် ပြုံးတုံ့တုံ့နှင့် မျက်နှာချိုသော နီတာရဲလေးက သူ့ချစ်သူလေးပါတဲ့။ အရုပ်များစွာ အလယ်မှာ လက်ကဆွဲကိုင်ထားသည်က တစ်ခုတည်းသာ။ ဆရာဝန်များ၏ နားကြပ်လေးတစ်ခု။

"အင်.. ဦးဦး.. ကျွန်တော့်ဦးဦး.."

လူးလွန့်သံလေးကြောင့် လက်ကချက်ချင်းသွားပြေးကိုင်လိုက်မိသော်လည်း ကောင်လေးက ကလေးတွေ လို အိပ်ရင်းယောင်နေတာမျိုးသာဖြစ်မည်။ လက်ကလေးကို ဆုပ်ကိုင်ထားမိသလို နှုတ်မှလည်း "ကျွတ် ကျွတ် ကျွတ်" ဟု ချော့သိပ်နေပေးပြီးမှ ကိုယ့်အဖြစ်ကိုယ် ရယ်မိသွား၏။ စိတ်ပင်ပန်းစရာတွေထဲမှာ ပထမဆုံး ရယ်မိခြင်းဖြစ်ပါလိမ့်မည်။ သက်ဝေသာသိလျှင် "မွေးစားမိဘ" ကိစ္စဖြင့် မျက်စောင်းထိုးခံရဦး မယ်ထင်သည်။

လက်တစ်ဖက်က ကိုင်ထားပေးရင်း တစ်ဖက်က အယ်လ်ဘမ်လေးကို ဆက်လှန်ကြည့်နေမိသည်။ ငယ် ကတည်းက အချစ်ခံရသော ကောင်လေး၏ ဆေးရုံမှပုံရိပ်လေးများကပင် ကရုဏာသက်ဖွယ် ချစ်စရာ ကောင်းနေပြန်၏။ ဆေးပိုက်တန်းလန်းဖြင့် ရယ်ပြုံးနေသော ကောင်လေးနှင့် ဘေးနားမှ ကလေးဆရာဝန် များ ကိတ်မုန့်ကိုင်လျှက် ရိုက်ထားသောပုံကိုတွေ့တော့ သူသက်ပြင်းဖွဖွရှိုက်မိသည်။ နှလုံးအားနည်းသည့် ကလေးဖြစ်ပါလျှက် သူ့အတွက် အပင်ပန်းခံခဲ့ရှာသည်။ မနေနိုင်စွာဖြင့် လက်ဖြူဖြူသွယ်သွယ်လေးကို အမြတ်တနိုး နှုတ်ခမ်းဆီမှာ ထိကပ်ထားမိပြီး မျက်နှာလေးကို ငေးမောနေမိပြန်၏။

"ကိုယ့်ချစ်သက်ဝေ.."

အယ်လ်ဘမ်ထဲမှာ သူတွေ့ခဲ့ဖူးသည်ဟူသော ကောင်လေးသေးသေးလေးကိုလည်း တွေ့ရသားပဲ။ ထိုစဉ် ကတည်းက သူ့ကိုစိတ်ထဲစွဲထင်ခဲ့သည်တဲ့လား။ သူကတော့ ဘာမှမသိခဲ့။ ဘူးသီးကြက်သားဟင်းကြောင့် လား ဟု အူကြောင်ကြောင်မေးခဲ့တုန်းက သက်ဝေ အဘယ်ကြောင့်ရယ်သနည်းဟု ယခုမှအဖြေပေါ်တော့ တာပဲ။

Nightfall [Completed]Where stories live. Discover now