#Nightfall #17
တစ်စုံတစ်ယောက်က သူ့အပေါ်သို့ နက်နက်နဲနဲချစ်ပေးလိမ့်မည်ဟု တစ်သက်နှင့်တစ်ကိုယ် မမျှော်လင့် ထားခဲ့ဖူးသော ဆည်းဆာဦးသည် သက်ခန့်ဝေ၏ ချစ်နည်းချစ်ပုံအဖြာဖြာတို့ကို မြင်ရတိုင်း မအံ့သြဘဲ မနေနိုင်ပါပေ။ မတွဲခင်ဖြစ်ပျက်ခဲ့သော ကိစ္စများအရ သက်ခန့်ဝေက သူ့ကို အထိအခိုက်မခံနိုင်အောင် ချစ် ပေးကြောင်း သူနားလည်ပါသည်။ သို့သော် ကိုယ်၏ထိခိုက်မှုသာမဟုတ်ဘဲ စိတ်၏ထိခိုက်မှုကိုပါ အကဲ ဆတ်လှကြောင်းတော့ မထင်မှတ်ဘဲ သိခွင့်ရရှိခဲ့လေသည်။
"ဦးဦး.."
မနက်စာအတူတူစားဖြစ်ကြစဉ် သက်ဝေက အလေးအနက်ခေါ်လာသဖြင့် သူ ကြည့်လိုက်မိတော့ မျက်လုံးဝိုင်းလေးဖြင့် ပုတ်ခတ်ပုတ်ခတ်ကြည့်နေသော မွေးစားသားလေးကို တွေ့လိုက်ရ၏။
"အင်း.. သက်ဝေ။ ဘာဖြစ်လို့လဲ"
"ကျွန်တော် ပရောဂျက်တစ်ခုလုပ်ဖို့ရှိတာဗျာ။ အဲဒါ ကျောင်းမှာလုပ်ရင်လည်း ရပေမဲ့ တခြားသူတွေ မြင်သွားမှာကိုလည်း မကြိုက်ဘူး။ အဖွဲ့နဲ့လုပ်ရတာဆိုတော့ နေရာကျယ်ကျယ်ကလည်း လိုသေးတယ်။ လွတ်လွတ်လပ်လပ်နေလို့ရမယ့် နေရာကျယ်ကျယ်ပေါ့"
သူ မပြုံးမိအောင် မနည်းထိန်းနေရ၏။ အဲဒီလိုတွေကြောင့် မွေးစားသားဖြစ်နေတာ ဟုပြောရင်လည်း ကောင်လေးက ဆတ်ဆတ်ခါနာဦးမည်လေ။
"အိမ်မှာလာလုပ်ပေါ့။ ကိုယ်လည်း ညမှပြန်ရောက်တာပဲဟာ။ အပေါ်ထပ်တစ်ခုလုံး အားနေတာပဲ"
"ဟင် တကယ်လား ဦးဦး။ အောင်မလေး.."
အောင်မလေး ဟု ပြောပြီးသည်နှင့် မျက်နှာချင်းဆိုင်မှ ထလာပြီး အတင်းလာနမ်းသော သက်ဝေကြောင့် သူရယ်လိုက်မိသည်။ သက်ဝေထံမှ နို့နံ့သင်းသင်းလေးရနေသေး၏။
"ဘာမဟုတ်တဲ့ကိစ္စလေးလည်း ပျော်တာပဲလား"
သူ့ပေါင်ပေါ်မှာထိုင်နေရင်း သက်ဝေက ချွဲနွဲ့စွာဖြင့် "ဦးဦးကလည်း။ အပြင်မှာ နေရာငှားတာက ဘာမှ မခက်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရည်းစားက ဒီလိုသဘောမနောကောင်းတဲ့လူ ဆိုတာကို ပျော်တာ။ ချစ် လိုက်တာ ဦးဦးရယ်။ နမ်းပါဦး" ဟု ပြောနေလေသည်။
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။