8

4.8K 537 99
                                    

#Nightfall

8

သက်ခန့်ဝေ ဆိုသောကောင်လေးကို သူ အထင်မကြီးခဲ့ကြောင်းတော့ ဆည်းဆာဦး ဝန်ခံရပါလိမ့်မည်။ ချစ်စရာကောင်းသော ကလေးဆန်ဆန်ကောင်လေးတစ်ယောက်အဖြစ်ထက် ပို၍မမျှော်လင့်ထားခဲ့ဖူး သောကြောင့် သက်ဝေ၏ ထူးခြားထက်မြက်သောတစ်ဖက်ခြမ်းကို မြင်ရသောအခါ သူအတော်အံ့သြခဲ့ရ သည်။ ထိုနေ့က သက်ဝေနှင့်အတူ ညနေစာစားကြရင်းဖြင့် စာမေးပွဲအမှတ်စာရင်းအကြောင်း မေးခဲ့မိ၏။ ဤသည်ကလည်း မြက လောလောလတ်လတ်ပင် စာမေးပွဲရလဒ်အကြောင်း ကြွားထားသောကြောင့် သူ့ အိမ်မှ ကောင်လေးကိုလည်း သတိတရဖြင့် မေးမိခြင်းပင်။

"သက်ဝေ.. မင်းစာမေးပွဲဖြေထားတာတွေ သိရပြီလား"

အိန္ဒိယဆိုင်မှ ဝယ်လာသော ပလာတာကို လက်နှစ်ဖက်ဖြင့် အားရပါးရစားနေသော သက်ဝေက သူ့ကိုပင် မကြည့်ဘဲ ခေါင်းညိတ်ပြ၏။

"ဟုတ်လား။ ဘယ်လိုနေလဲ"

"ဒီလိုပါပဲ"

ထိုလေသံက တကယ်ကို သိပ်မကောင်းလှ ဆိုသည့်အဓိပ္ပာယ်မဟုတ်ဘူးလား။ ထိုကြောင့် သူက တရားချ မိတော့၏။

"သက်ဝေ.. ကိုယ်ပြောမလို့။ မင်းအချိန်ပိုင်းအလုပ်လုပ်နေတာက အိမ်လခအတွက်ဆိုရင် ကိုယ်က ရပ် ထားစေချင်တယ်။ ပီဇာဆိုင်ဆိုတာက ပင်ပန်းတယ်လေ။ မင်းမေဂျာကလည်း အချိန်ပြည့်အာရုံစိုက်မှရ တာမျိုးဆိုတော့ အိမ်လခကိုစိတ်မပူဘဲ ကျောင်းစာကိုပဲအဓိကထားစေချင်တာ။ မင်းကိုလေ စာပိုကြိုးစား စေချင်တယ်"

ဟင်းအနှစ်နှင့် ပလာတာတို့စားရန်ပြင်နေသော သက်ဝေက မျက်လုံးပင့်ကြည့်လာ၏။ ထိုအကြည့်ထဲမှာ ဂျစ်တစ်တစ်သဘောထားတို့ပါကြောင်း သူအတွေ့အကြုံအရ သိနေပါသည်။

"ကိုယ်က မင်းကို ကောင်းစေချင်.."

"ဒေါက်တာဆည်းဆာဦးက ကျွန်တော့်ကို စာညံ့တယ်ထင်နေတာပဲဗျ"

လေသံက ခပ်ထေ့ထေ့ဖြစ်နေ၍ သူက ပြေပြေလည်လည် ဖြစ်စေမည့် စကားလုံးများစဉ်းစားနေစဉ် သက်ဝေက ပလာတာကို ပစ်ချ၍ လက်သွားဆေးနေ၏။

"သက်ဝေ.. ပြီးအောင်စားလေကွာ။ စိတ်မကောက်နဲ့"

သက်ဝေက သူ့စကားကိုနားမထောင်ဘဲ အပေါ်သို့ ပြေးတက်သွား၍ သူဆက်မစားနိုင်တော့ဘဲ ကိုယ့် ကိုယ်ကိုယ် စိတ်ပျက်သွားရသည်။ စားပြီးမှ ပြောလိုက်သင့်သည်ဟုလည်း နောင်တရမိ၏။ ယခုတော့ စိတ်အနှောင့်အယှက်ဖြစ်သွားရပြီထင်ပါရဲ့။ ဤကိစ္စကတော့ သူလွန်တာပါဟု တွေးမိပါသည်။ သို့သော် သက်ဝေက ခဏချင်းပင် ကွန်ပျူတာကိုင်၍ ပြန်ဆင်းလာသဖြင့် သူအံ့သြသွားရသည်။ ကွန်ပျူတာသွား ယူတာလား။

Nightfall [Completed]Where stories live. Discover now