Extra : Book Version

2.6K 173 22
                                    

#Nightfall

NOTE : ဒီတလော Nightfall က ဖတ်တဲ့သူရုတ်တရက်တိုးလာလို့ ရီဗျူးတစ်ခုခုရထားတယ်ထင်ပါတယ်။ Facebook မှာ ရှာကြည့်သေးပေမဲ့ မမြင်ရတော့လေ.. ဘယ်သူမှန်းမသိပေမဲ့ ကျေးဇူး အများကြီးတင်ပါတယ်လို့။ ဖတ်ပေးကြသူတွေအားလုံးကိုလည်း ဒီကနေပဲ ကျေးဇူးတင်ပါရစေ။ အခုက တော့ Nightfall စာအုပ်ထွက်ပြီးတာလည်း ၆ လရှိပြီဆိုတော့ စာအုပ်ထဲမှာပါတဲ့ Extra ပိစိလေးကို ဒီမှာ တင်ပေးလိုက်ပါတယ်။ အလွမ်းပြေကြဖို့ မျှော်လင့်ပါတယ်။

"Extra"


လန်ဒန်ပြန်ရောက်ကတည်းက အခြေအနေက တခြားစီပြောင်းလဲသွားခဲ့ပြီ။ ဆည်းဆာဦးကလည်း ခွဲစိတ် ကုသ ဆရာဝန်မဟုတ်တော့ဘဲ​ ဆေးရုံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရာရှိဖြစ်သွားခဲ့ပြီး သက်ခန့်ဝေကလည်း မနူးမနပ်ကျောင်းသားလေးမဟုတ်တော့ဘဲ နာမည်ရ ဗိသုကာဒီဇိုင်းကုမ္ပဏီမှာ အလုပ်ဝင်နေပြီ။ ဤတွင် အခြေအနေက ပြောင်းပြန်ဖြစ်သွား၏။ ယခင်ကတော့ ဆည်းဆာဦး က အလုပ်ချိန်များပြားလွန်းပြီး သက် ဝေက အိမ်မှာ အမြဲစောင့်ကြိုနေခဲ့ရသလောက် ယခုတော့ ရုံးချိန်ပြီးလျှင် သက်ခန့်ဝေကိုပြန်စောင့်နေရပြီ။ ဆည်းဆာဦးအတွက်တော့ ဤကိစ္စက မည်သို့မျှ နေသားမကျနိုင်စရာဖြစ်နေလေ၏။ လန်ဒန်မြို့ကြီးမှ လုပ်ငန်းခွင်ကော်ပိုရေးရှင်းများဆိုသည်ကလည်း လူမှုရေးအရ တက်ရောက်ရသောပွဲ၊ ထိုင်ရသော Pub တို့ဖြင့် လူငယ်ဖြစ်သော သက်ခန့်ဝေမှာ အိမ်ပြန်ချိန်နောက်မကျသည့်နေ့မရှိ။ ပြန်လာလျှင်လည်း ပင်ပန်း ရသည်နှင့်၊ အလုပ်က မပြီးသေး၍ ဒီဇိုင်းထိုင်ရဦးမည်နှင့် အတူတူမျက်နှာချင်းဆိုင်ရန်ပင် အကြောင်းပြချက် တွေများပြားလှသည်။

"သက်ဝေ.. ကိုယ်တို့ Dinner တူတူမစားရတာကြာလှပြီ။ ကျောင်းနားက အီတလီဆိုင်လေ... မင်းကြိုက် တယ်လေ။ ညကျ အဲဒါသွားစားကြမလား"

ဆံပင် သပ်သပ်ရပ်ရပ်ဖြင့် ကြည့်ကောင်းနေသော ချစ်သူလေးက တခါတည်း ခေါင်းခါ၏။

"အဲဒီဆိုင်မကြိုက်ပါဘူး ဦးဦးရာ။  ဒီညလည်း ကျွန်တော်နောက်ကျမယ်ထင်တယ်။ ပြန်လာမှ ရေခဲမုန့် တူတူစားကြမယ်နော်။ လိမ္မာတယ်။ နမ်းခဲ့ဦးမယ်နော်။ မွ"

Nightfall [Completed]Where stories live. Discover now