#Nightfall #23
အိပ်မက်အမျိုးမျိုးကို ပင်ပန်းခက်ခဲစွာ ဖြတ်ကျော်လာနိုင်ပြန်တော့လည်း အိပ်ရာထဲမှ ထလိုက်ဖို့က ခက်ခဲ နေပြန်သည်။ သက်ဝေအရိပ်လေးက အခန်းရှေ့မှ အခါခါဖြတ်သွားနေပြီး တခါတခါလည်း တံခါးနားမှ ချောင်းကြည့်နေသည်ကို သိရသဖြင့် စိတ်ကိုတင်းကာ မနည်းထလိုက်ရ၏။ သို့သော် ခြေချောင်းတို့က ထုံ ကျဉ်နေပြီး ခေါင်းထဲမှ မူးဝေနောက်ကျိမှုက ရှိနေဆဲ။ အာရုံကြောပြဿနာတစ်ခုခုရှိနေပြီဟု တွေးလိုက်မိ တော့ စိတ်ထဲ ပိုနေရဆိုးသွား၏။ သွားတိုက်ဆေးထည့်ရတာကအစ စိတ်မကြည်တော့ပေ။ သို့သော် သက်ဝေက စာမေးပွဲသွားဖြေရဦးမည်ဆိုတော့ ရေချိုးခန်းမှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပြင် ဆင်ရင်း ထွက်လာခဲ့ဖြစ်ပါသည်။
"မောနင်း ဦးဦး။ ညက အရမ်းပင်ပန်းသွားတာထင်တယ်။ ဦးဦး အရမ်းအိပ်ပျော်နေလို့ ကျွန်တော်က မနှိုးတော့ဘဲ နေမလို့"
သက်ဝေက ပေါင်မုန့်ကင်နေတော့ သူက သက်ဝေအတွက် နွားနို့ထည့်ထားပေးရင်း "စာရပြီလား" ဟု မေး လိုက်မိ၏။
"ဟာဗျာ။ စာမရဘဲ နေပါ့မလား။ ပြီးတော့ ကျွန်တော့်ရည်းစားတစ်ယောက်လုံးက ကျွန်တော့်ကိုအလို လိုက်ပြီး အိမ်ကိုပြန်လာပေးမှတော့ ဒီစာမေးပွဲက ဂုဏ်ထူးပါထွက်ရမှာမျိုးဗျ။ အဲ အဲ.. အမှတ်ပြည့်ရ အောင်ကတော့ ဦးဦးဆီက ကောင်းချီးလေးခံယူရမယ်"
သက်ဝေက ပေါင်မုန့်ချပ်များကို ပန်းကန်ထဲပစ်ချရင်း သူ့ဆီပြေးလာကာ ဖက်နမ်း၏။ ပေါင်မုန့်နံ့သင်းသင်း လေးနှင့် မီးကျွမ်းနံ့လေးကရနေသေးသည်။ သက်ဝေ တစ်ယောက်ဟာ တကယ်ကလေးလိုပဲ။ တွေးမိရင်း သူ ပြုံးရမည့်အစား နည်းနည်းအားလျော့သွားမိ၏။ ထို့ကြောင့် သက်ဝေကို ခါးမှပွေ့ထားလိုက်ရင်း နဖူးချင်းထိထားကာ မေးမိသည်။
"ကိုယ့်ကို အဲဒီလောက်တောင်ချစ်လား"
သက်ဝေက မျက်နှာလေးရဲသွားပြီး "သိရဲ့သားနဲ့ ဘာဖြစ်လို့ မေးရတာတုန်း" ဟု ပြော၏။
"ချစ်လားလို့"
"သက်ခန့်ဝေရဲ့အသက်က သက်ခန့်ဝေမှာမရှိဘူး။ ဒေါက်တာဆည်းဆာဦးကိုပဲ အပ်ထားတာသိရဲ့လား"
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။