27

4.7K 434 63
                                    

#Nightfall #27

အချိန်ကိုကြည့်လိုက်တော့ ညနေဆည်းဆာဝင်တော့မည်။ သက်ဝေ နောက်ကျလှချည်လား။ သူ နာရီ တကြည့်ကြည့်ဖြင့် စောင့်နေမိရင်း လက်ထဲမှ ပန်းစည်းကိုလည်း ချိန်ဆနေမိ၏။ ချစ်သူစေ့စပ်ခွင့် တောင်းဖို့ ပန်းစည်းဟု သေချာပြောခဲ့ကြောင်းတော့ သက်ဝေကို ရှင်းပြရဦးမည်ပဲ။ ကိုယ့်အတွေးနှင့်ကိုယ် သဘောတကျ ပြုံးမိ၏။ အမေတို့ မပြန်ခင် သက်ဝေကို စေ့စပ်ထားခွင့်လေးလို ချင်သည်။ အမေက မည်သို့ပင် သဘောတူပါသည်ပြောပြော သက်ဝေက မည်မျှချစ်ပါသည်ဆိုဆို သူက တလေးတစားနှင့် ချစ်ကြောင်း သက်သေပြရမည်မဟုတ်လား။

ချိန်းထားသော ပန်းခြံလေးထဲမှာ ကလေးတစ်စုက စကားတပြောပြောဖြင့် ဖြတ်သွား၏။ သက်ဝေ မလာ သေးဘူးပဲ။ ကလေးတစ်ယောက်စားနေသည့် ရေခဲမုန့်ကိုမြင်တော့ သက်ဝေဖို့ ရေခဲမုန့်ကားကြီး မခေါ်ထားရသေးဘူးဟု သတိရမိပြန်သည်။ ကိုယ့်ကောင်လေးက ရေခဲမုန့်ကားမြင်လျှင် ပြန်ပေးဆွဲလို့ လွယ်မည့်ကောင်လေး။

စောင့်နေရင်း အနည်းငယ် ချမ်းစိမ့်စိမ့်ခံစားလာရပေမဲ့ ပေတေပြီးရပ်စောင့်နေမိဆဲ။ သက်ခန့်ဝေ ဘာလို့ နောက်ကျနေတာလဲ။ ဖုန်းဆက်တော့လည်းမကိုင်။ မနေနိုင်တော့သည့်အဆုံး ပန်းခြံအပြင်ကိုထွက်စရှိ သေး၊ လူတွေဝိုင်းအုံနေသည်နှင့် တိုး၏။ တစ်ယောက်ယောက်များ တစ်ခုခုဖြစ်သလား။ ဆေးရုံကားလာ နေသံကြားလိုက်ရသည်။

"ဦးဦးရေ.."

ငိုရှိုက်သံနှင့်ရင်းနှီးနေသဖြင့် လူအုပ်ထဲ အလန့်တကြားတိုးဝင်လိုက်မိတော့ သက်ဝေကိုတွေ့လိုက်ရ၏။

သက်ဝေ.. ကိုယ့်သက်ဝေ။ သို့သော် သက်ဝေပွေ့ထားသည့်သွေးတွေနှင့်လူနာက... သူ ကိုယ်တိုင်ပဲ။ ဆည်းဆာဦး ကို သက်ဝေက ပွေ့ထားရင်းငိုနေသည်တဲ့။

"ကိုယ့်သက်ဝေ.. ကိုယ် ဒီမှာလေ"

"ဦးဦး.. ကျွန်တော်သေလိမ့်မယ်။ အဲဒီလိုမဖြစ်ပါနဲ့။ ကျွန်တော် တကယ်သေသွားလိမ့်မယ်"

သက်ဝေ ငိုသံက ကျယ်လောင်စွာထွက်ပေါ်နေပြီး ဆေးအဖွဲ့ရောက်လာကာ သက်ဝေလက်ထဲမှ လူကို ပြောင်းယူခေါ်ဆောင်သွား၏။ သက်ဝေ လက်ထဲမှာ သွေးတွေ..။ သက်ဝေက သူ့ကိုပင်တွန်းတိုက်ပြီး ဆေးရုံကားနှင့်လိုက်သွားသည်။

Nightfall [Completed]Where stories live. Discover now