#Nightfall #19
*ဤအခန်းတွင် ခံစားမှုပေါင်းစုံပါဝင်ပါလိမ့်မည်*
နံနက်စောစောထပြီး ပန်ကိတ်လုပ်ပေးနေရသော်လည်း စိတ်ကမဖြောင့်လှ။ သက်ဝေ နိုးလာလျှင် မည်သို့ ပြဿနာရှာဦးမည်နည်းမသိနိုင်။ ညကတော့ ချော့မော့ပြီး အိပ်ခိုင်းလိုက်ရသော်လည်း ဤကိစ္စက တော်ရုံ နှင့် ပြီးသွားမည့်ကိစ္စမဟုတ်မှန်း ဆည်းဆာဦး၏ အတွေ့အကြုံကတဆင့် သိနေရပါသည်။ ရုပ်ရှင်ရုံသို့ အချိန်မီ မရောက်နိုင်ခဲ့သည့်ကိစ္စကို ဆယ်ခါပြန်တောင်းပန်နိုင်သော်လည်း သီချင်းဆိုခိုင်းသည်ကတော့ တကယ်မဖြစ်သင့်သောကိစ္စပါပင်။ ယုံကြည်ချက်မရှိသောကိစ္စတွေထဲ သူ့အသံက ထိပ်ဆုံးကပါသည်။
"မောနင်း ဦးဦး။ သီချင်းရွေးပြီးပြီလား"
အကြောဆန့်ရင်း အောက်ထပ်ဆင်းလာသော သက်ဝေ၏ အသံကြောင့် ပန်ကိတ်ဒယ်အိုးပင် မှောက်ကျ မတတ် ဖြစ်သွားရသည်။ ဆည်းဆာဦး ဘဝမှာ ထိုသို့ အယောင်ယောင်အမှားမှားမဖြစ်ဖူးခဲ့သမျှ ယခုကျမှ ဒုက္ခရောက်ရပြီ။
"ဦးဦးက ကျွန်တော့်ကို သီချင်းဆိုပြရမှာ ရင်တွေခုန်နေတာလား၊ ဟုတ်လား။ အောင်မလေး ချစ်ဖို့ကောင်း လိုက်တဲ့ ကျွန်တော့်ရည်းစား။ ချစ်လိုက်ရတာ။ နမ်းပါရစေဦး"
အနောက်မှ လာတွယ်ထားပြီး တီတီတာတာပြောနေသော ကောင်လေးကို သူဘယ်လို အကြောင်းပြရ မလဲမသိတော့ပါ။
"သက်ဝေ.. ထိုင်နှင့်ဦး။ ကိုယ် လက်ဖက်ရည်ဖျော်လိုက်ဦးမယ်"
"ဟုတ်ကဲ့ဗျ။ ကျွန်တော့်ရည်းစားကို ငေးကြည့်နေရတာ တကယ်ပျော်ဖို့ကောင်းတာပဲ"
သူ့မှာသာ မည်သို့ရှင်းပြရမည်နည်းစဉ်းစားပြီး လက်ကတုန်ချင်နေပြီ။ ခွဲစိတ်ဆရာဝန်လက်တို့က ဤတခါ ပဲတုန်ဖူးသေးသည်။ စားပွဲပေါ်မှာ စားစရာများခင်းပြီးနောက် ချောင်းဟန့်ရင်း စကားစကြည့်မိ၏။
"သက်ဝေ.. မွေးနေ့လက်ဆောင်က တခြားလိုချင်တာရှိလား။ ကိုယ်က သက်ဝေနဲ့ချစ်ပြီးမှ ပေးဖြစ်တာ ဆိုတော့ တကယ် အမှတ်တရဖြစ်အောင် ဈေးကြီးတာလေး ပေးရမလားဟင်"
သက်ဝေက နွားနို့အမြုပ်လေးများပေနေသော နှုတ်ခမ်းလေးကို လျှာဖြင့်သပ်ရင်း ခေါင်းခါသည်။
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။