#Nightfall #25
သက်ဝေနှင့် မခွဲနိုင်၍ နေ့ချင်းပြန်ကားမောင်းလာခဲ့ဖူးသော ဆည်းဆာဦးမှာ အသက်မဲ့သောရှင်သန်ခြင်း ဖြင့် တစ်နေ့တာကို ဖြတ်သန်းနေရ၏။ အိမ်ကိုပင် ပြန်မလာချင်ခဲ့။ နှစ်ယောက်အတူရှိဖူးသော စံရိပ်မြုံ လေးမှာ သိသိသာသာလစ်ဟာထွက်သွားသော တီတီတာတာလှုပ်ရှားမှုလေးများကို မတမ်းတဘဲ မည်သူ က နေနိုင်မည်နည်း။ ဖုန်းထဲရောက်လာသော စာတိုလေးများ၊ အသံဖိုင်လေးများကိုလည်း ဝင်မကြည့်ရဲပါ။ တုံ့ပြန်နည်းမသိမှတော့ ဖွင့်မကြည့်ခြင်းသည်ပင် အကောင်းဆုံးဖြစ်လိမ့်မည်မဟုတ်လား။
အိမ်ရှေ့မှ ခြေသံတစ်ခုကြားလိုက်ရသောကြောင့် သူ စိတ်ထဲတင်းခနဲဖြစ်သွားပြီး တံခါးပြေးဖွင့်လိုက်မိ၏။ သို့သော်... အိမ်ရှေ့မှာရပ်နေသူက သက်ဝေ မဟုတ်ပါ။ နီရဲနေသော မျက်နှာလေးတစ်ခု။
"ဦးဦး"
တုန်အက်သောအသံလေးကြောင့် သူစိတ်ပျက်ရသလို စိတ်သက်သာရာလည်း ရသွားပြန်သည်။ သက်ခန့် ဝေ သာ ပြန်လာလျှင် ဆရာကြီးတို့ကို သူမည်သို့ရင်ဆိုင်ရမည်နည်း။ ထိုအစားတော့ မြထိပ်ထား ကို လက်ခံ စကားပြောရသည်က ကောင်းပါဦးမည်။
"မြ.. ကိစ္စရှိလို့လား.. လာလေ"
အိမ်ထဲသို့ ဖိတ်ခေါ်မိသော်လည်း မြ က တံခါးဝတွင်သာ ရပ်နေ၏။ မြ၏ မျက်နှာကို အလုံးစုံဖတ်တတ်ခဲ့ သူ ဖြစ်၍ အခက်အခဲတစ်ခုခုရှိနေကြောင်း သူနားလည်လိုက်ပါသည်။
"နေသန်နဲ့ အဆင်မပြေဘူးလား။ ရေခဲမုန့်စားမလား"
"မြ မှားသွားပြီ"
မြက ထိုတစ်ခွန်းသာပြောပြီး သူ့ရင်ခွင်ထဲ ရှိုက်ကြီးတင်ငိုချလာ၏။ သူ ပြန်မဖက်ထားမိပါ။ သို့သော် ငို နေသော မြကိုလည်း တွန်းမထုတ်ချင်တော့သဖြင့် ဒီတိုင်းရပ်နေမိသည်။ သူ့ အခြေအနေကလည်း တွေး ကြည့်လျှင် တော်တော်ရယ်ရတာပဲ။
"ဦးဦးနဲ့ပဲနေခဲ့ရင် မြ ဒီလို ဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ ဦးဦးလည်း ဒီလိုဖြစ်မှာမဟုတ်ဘူး"
"ကိုယ် ဘာဖြစ်နေလို့လဲ"
ရှိုက်ငိုနေသော မြက သူ့ကို ပိုတင်းအောင်ဖက်လာပြီး "ဦးဦး နာကျင်နေရတယ်လေ" ဟု တိုးတိုးလေး ဖြေ သည်။
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။