#Nightfall #21
ညဘက်အိပ်လျှင် သက်ဝေ မက်လေ့ရှိသည့် အိပ်မက်ဆိုးများက ထိုမတော်တဆမှုနှင့် ဆက်စပ်နေသည် ဟု သိရသောအခါ ဆည်းဆာဦးမှာ ထိုကောင်လေးကို ထွေးပွေ့ထားပေးရင်း တစ်ဖက်မှလည်း စိတ်ကုထုံး များကို ရှာဖွေလေ့လာရတော့သည်။ သူက ခွဲစိတ်ဆရာဝန်သာဖြစ်၍ စိတ်ကုထုံးအကြောင်းကို ဆေးရုံမှ စီနီယာများထံ မေးမြန်းရသည်။ စာတွေရှာဖတ်ပြီး သက်ဝေအတွက် သက်သာမည်ထင်သောအရာများကို စိတ်ပါလက်ပါဖြင့် လုပ်ပေးနေမိ၏။ သက်ဝေကို အရင်ကထက် ပိုအချိန်ပေးဖြစ်သကဲ့သို့ စကားများများ ပြောပေးသည့်အပြင် သက်ဝေ၏ ကောင်းကွက်ကလေးများကို ပိုထုတ်ဖော်ချီးကျူးမိသည်။ ထို့ပြင် သက်ဝေ ကြိုက်နှစ်သက်သော ရေခဲမုန့်အပြင် ပျော်ရွှင်မည်ထင်လောက်သည့်အရာများကို အမြဲတစေ ကြည့်ရှု ဖြည့်ဆည်းပေးမိ၏။
"ဦးဦး။ ကျွန်တော့်အတွက် အရမ်းအပင်ပန်းမခံပါနဲ့နော်။ ကျွန်တော် စိတ်ထဲမကောင်းလို့ပါ"
သူက သက်ဝေရှေ့ပေါ်ပေါ်တင်တင်မလုပ်မိသည့်တိုင် သူ့တစ်မျက်နှာကို အမြဲလိုလို လိုက်ကြည့်နေတတ် သော ကောင်လေးက သတိထားမိသွားဟန်ပေါ်ပါသည်။
"မင်းအတွက်ဆိုရင် ပင်ပန်းတယ်ရယ်မရှိပါဘူး။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ဖန်တီးယူတယ်ပဲ သဘော ထားပါတယ်"
"ဦးဦး"
ထိုမျက်တောင်ပုတ်ခတ်ပုတ်ခတ်က ပြိုတော့မည့်မိုးလို ငိုတော့မည်ဖြစ်ကြောင်း သိနေရသောအခါ သူက ပဲ ပေါ့ပါးစေရတော့သည်။ ရှေ့မှ နှာခေါင်းနီနီလေးကို ဆွဲညှစ်ရင်း
"မငိုပါနဲ့ဆို။ မင်းငိုလည်း ကြည့်ကောင်းတယ်ဆိုတာ မင်းမေမေတို့ပဲပြောမှာ"
"ကျွန်တော်ရုပ်ဆိုးရင် မချစ်တော့ဘူးလား။ ဒါဆို ဒီနေ့ကစပြီး ဂရုတစိုက် နေထိုင်ရတော့မှာပဲ"
"သက်ခန့်ဝေ။ မင်းက အခုထက် ဂရုတစိုက် နေထိုင်ရင် နောက်ဆယ်နှစ်လောက်ကျ ဒေါက်တာဆည်းဆာ ဦးရဲ့ မွေးစားမြေးလေးလားလို့ နှုတ်ဆက်ခံနေရမယ်။ ကြည့်လုပ်"
"ဦးဦးက ဒီလောက်ချောတာကို။ ကျွန်တော်ကပဲ ပြန်သဝန်တိုနေရမှာပါဗျာ။ ဟင်း၊ တွေးပြီး စိတ်တိုနေရ ပြီ။ တကယ်ပဲ"
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။