#Nightfall
11
(Note - ဒီအပိုင်းမှာ နည်းနည်းကြိုရှင်းပြစရာလေးတွေ ရှိပါတယ်။ စိမ်းလန်းနွေဦး ဖတ်ပြီးသူတွေက သဘောပေါက်မှာပေမဲ့ မဖတ်ရသေးသူတွေများတာကြောင့် ကြိုရှင်းပြတာပါ။ မြထိပ်ထားက နေသန်နဲ့ မယူခင် ပထမအိမ်ထောင်ရှိခဲ့ပြီး ဝဏ္ဏလို့ခေါ်ပါတယ်။ မိဘတွေသဘောတူလို့ယူခဲ့ရပေမဲ့ အချစ်မခံရလို့ ကွာရှင်းပြီး ဦးဦးရှိတဲ့လန်ဒန်ကိုလိုက်လာရင်း နေသန်နဲ့တွေ့ခဲ့တာပါ။ ဝဏ္ဏက ဦးဦးတို့ကိုပါ လာမွှေသွား သေးပါတယ်။ ပြီးတော့ ဦးဦးနဲ့ မြရဲ့ပတ်သက်မှုက နည်းနည်းစီထည့်ရေးထားပေမဲ့ ဦးဦးကို မြ မေမေဘက်က အဘိုးက မွေးစားခဲ့တာပါ။ ဒီအပိုင်းက နည်းနည်းတော့ လောင်ရမယ်ထင်တယ်။ ဒါပေမဲ့ နောက်သိပ်မကြာခင်တော့ confession အပိုင်းလာတော့မှာမို့... စောင့်ပေးကြပါဦး)
ကြည့်ဖြေရှင်းပေးမည်ဟု ပြောထားခဲ့သော်လည်း တကယ်တမ်း မြမိဘများ လန်ဒန်သို့ရောက်လာသော အခါ အပင်ပန်းရဆုံးက သူသာလျှင် ဖြစ်ခဲ့သည်။ သွားကြိုမည့်နေ့ကတည်းက မြတို့က ရောက်မလာဘဲ သူ တစ်ယောက်သာ လေဆိပ်ကိုသွားခဲ့ရသည်။ သို့သော် ကိုယ်ပိုင် အလည်အပတ်ကားကို စီစဉ်ထားနှင့်ပြီး သော မမတို့က သူ့ကို တစ်ချက်သာ အသိအမှတ်ပြုပြီးနောက် ကားပေါ်သို့တက်သွားခဲ့ကြ၏။ သွားမကြို မိလျှင်လည်း သူ့အမှားဖြစ်ပြီး သွားကြိုမိတော့လည်း မျက်နှာမရသော ဤအခြေအနေကို သူစိတ်ပျက်စွာ ပင် တောင့်ခံခဲ့ရပါသည်။
လန်ဒန်ရှိ နာမည်ကြီး ဟိုတယ်ကြီးတွင် တည်းခိုမည့် မမတို့က ညနေမှ သူ့ကို သီးသန့်ခေါ်တွေ့ခဲ့သည်။
လက်ဖက်ရည်သောက်ရင်း ပြောလာသော အေးစက်စက် အပြစ်တင်စကားများကိုသူခေါင်းငုံ့၍သာ ခံခဲ့ရ ပြန်သည်။
"မင်းရှိနေလို့ လန်ဒန်ကိုစိတ်ချလက်ချလွှတ်ပေးလိုက်တာ။ နောက်ဆုံးတော့ ငါတို့က လူယုံသတ်လို့ သေတာပဲ"
"မမ.. ကလေးက အရွယ်ရောက်နေပါပြီ။ အဲဒီအပြင် နေသန်ကလည်း လူကောင်းတစ်ယောက်ပါ။ သူ့အဖေဆိုလည်း တက္ကသိုလ်ပါမောက္ခတစ်ယောက်.."
"ဒါပေမဲ့ အဲဒီကောင်လေးရဲ့အမေက နောက်အိမ်ထောင်နဲ့လေ။ ဒီလောက်ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ မင်းက စိတ်အေးလက်အေးနေနေတာ မဟုတ်သေးဘူး။ မင်းမှာ မြကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတာ မေ့နေပြီလား"
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။