20

4.8K 468 69
                                    

#Nightfall #20

ရည်းစားလေးကို သက်ဝေ သီချင်းဆိုပြရန် ရွေးချယ်မိကတည်းက ညတိုင်းလိုလို ဤသီချင်းချည်းသာ ဆိုပြရတော့မည့်ကံကြမ္မာကိုပါ တခါတည်း လက်ခံရန် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထင်သည့်အတိုင်းပဲ သက်ဝေ က ညတိုင်း အိပ်ခါနီးလျင် ထိုသီချင်းမှ နားမထောင်ရလျှင် မအိပ်တော့ပေ။ ကလေးလိုပဲကွာ ဟု ညည်းမိလျှင်လည်း သက်ဝေက ပြုံးပြီး "ဘာပြောပြော" ဟုဆိုကာ ထိုသီချင်းဆိုခိုင်းလေ့ရှိ၏။

တခါတခါတော့လည်း သူစိတ်ပေါက်ပေါက်နဲ့ ထမေးမိသည်။

"မင်း ဒီသီချင်းပဲနားထောင်နေတော့ BLACKPINK နဲ့ Taylor Swift က စိတ်ဆိုးမှာပေါ့"

"ဪ.. ဦးဦးရယ်"

ရယ်သံ တခွိခွိထွက်လာပြီး ဆံပင်လေးသပ်တင်နေသော ကြည်ကြည်စင်စင်မျက်နှာလေးက တစ်သက်လုံး ငေးမောချင်စရာ ကောင်းလိုက်လေခြင်း။

"သူတို့များ စိတ်ဆိုးမယ်ဆိုရင် ကျွန်တော်တော့ ထိပ်ဆုံးကနေ စိတ်ဆိုးခံချင်ပါရဲ့"

သူ့မှာ ဘာပြောရမှန်းလည်းမသိ။ သက်ဝေကတော့ သူ့ခြေဖျားပေါ်တက်ရပ်ရင်း မော့နမ်းကာ ရယ်နေပြန် သည်။

"ဦးဦးကလည်းလေ။ ဒီလိုမျိုး ပြောပြီဆိုရင် ထပ်မေးရမှာ။ အဲဒီအဆိုတော်တွေကို ဒီလောက်ကြိုက်ရလား။ ကိုယ်စိတ်ဆိုးတာခံချင်နေပြီလား။ ကိုယ်နဲ့ ဘယ်သူ့ပိုကြိုက်လဲ စသည်ဖြင့် မေးရမှာလေ။ တအား တအား ရိုးတာပဲ​ ဒီလူကြီးက"

သူက သက်ဝေ နှာခေါင်းထိပ်ဖျားလေးကို ဆွဲညှစ်ရင်း "အဖြေသိပြီးသားတွေ ဘာဖြစ်လို့ မေးရမှာလဲကွ" ဟု ပြန်စတော့ သက်ဝေက မျက်စောင်းထိုး၏။

"အောင်မယ်။ ကျွန်တော် Taylor ကိုကြိုက်လာတာပဲ နှစ်တွေမနည်းတော့ဘူး။ BLACKPINK ဆိုလည်း စ ထွက်ကတည်းက ကြိုက်တာ။ ဦးဦးကဖြင့် ကျွန်တော်နဲ့ တွဲတာ ဘယ်လောက်ကြာသေးလို့ အဲဒီလောက် ဘဝင်မြင့်ရတာတုန်း"

ဒီကောင်လေးက သဝန်တိုစေချင်နေတာပဲဟု သိသည့်တိုင် သူကတော့ သက်ဝေကို ရှင်းလင်းစွာ သိစေချင် သည့်အချက်ရှိသေး၏။

"သက်ဝေ။ ကိုယ့်ကိုကြည့်၊ မင်းမှာ အဲဒီလို သဘောကျရတဲ့ ရပ်ဝန်းတွေရှိတာ ကိုယ်တော့ သဘောကျ တယ်။ သူတို့က မင်းနဲ့ အကြာကြီး ပိုရှိလာသူတွေမို့ ကိုယ့် ထက်ပိုပြီး ကြိုက်ရင်တောင် မင်းပျော်ရွှင်နေ ရင်ကို ကိုယ်ကျေနပ်တယ်။ ဟုတ်ပြီလား"

Nightfall [Completed]Where stories live. Discover now