13

5.1K 533 151
                                    

#Nightfall

13

အမှန်တော့ သူနှင့် သက်ဝေ ဖြေရှင်းစရာလေးတွေရှိသေးသည်။ သို့သော် မည်သို့သော စိတ်ထားမျိုးနှင့် သူ သက်ဝေကို အပြစ်ပြောရက်မည်နည်း။ သူ့အတွက် စိတ်ပူနေခဲ့သော သက်ဝေ၊ သူ့အတွက် ရိုက်ချက်ကို တားပေးခဲ့သော သက်ဝေ၊ သူ့အတွက် ငွေကြေးအကုန်ခံပြီး အဆောင်ဆွဲကြိုးရှာပေးခဲ့သော သက်ဝေ.. ပြီးတော့ သူ့ကိုဖက်ထားပေးခဲ့သော သက်ဝေ။

"ဦးဦး.. မျက်နှာက နာနေသေးလားဟင်"

သူ ခေါင်းခါရန်ပြင်ပြီးမှ အကြံတစ်ခုရသွားကာ "အင်း နည်းနည်း" ဟု ပြောလိုက်မိတော့ မျက်နှာလေးက ချက်ချင်း ငြိုးသွား၏။

"ထိုင်ပါဦး သက်ဝေရဲ့။ အဲဒီ အနာကို ပျောက်စေတဲ့နည်း မင်းသိတယ်လေ"

သက်ဝေက တစ်ချက်အံ့သြသွားပြီးမှ "တကယ် ခွင့်ပြုမှာလား" ဟု မျက်လုံးပင့်၍ မယုံသင်္ကာမေး၏။ သူ တစ်ချက်ပြုံးရင်း မျက်နှာကိုရှေ့တိုးပေးလိုက်တော့ သက်ဝေက "ဦးဦးရယ်.. ခွင့်ပြုနော်" ဟုဆိုကာ ခပ်ဖွဖွ လေး နမ်းရှိုက်လာသည်။ အမှန်တော့ အရိုက်ခံခဲ့ရလွန်း၍ အသားကျနေသောမျက်နှာက သက်ဝေနှင့်မှ သက်သာပျောက်ကင်းချင်သည်တဲ့။ ကလေးတစ်ယောက်ကို လှည့်စားမိသလိုဖြစ်နေသော်လည်း သူ တကယ်ကို ထိုအနမ်းတရှိုက်ကို လိုအပ်နေခဲ့ပါသည်။

"အခု ကောင်းသွားပြီ"

"ဦးဦးကလည်း.. အဲဒီလိုသာဆို ဦးဦးတို့ ဆရာဝန်တွေ အကုန် အလုပ်ရှိတော့မှာမဟုတ်ဘူး"

"ဪ.. သက်ဝေရဲ့။ ဒီလောကမှာ လူတိုင်းက ချစ်ခြင်းမေတ္တာရရှိကြတာမှမဟုတ်ဘဲ"

သူက သာမန်အတိုင်းပြောလိုက်သော်လည်း သက်ဝေက မျက်နှာလေးမကောင်းဖြစ်သွားကာ သက်ပြင်း ရှိုက်၏။

"ဦးဦး အဲဒီလိုပြောတိုင်း ကျွန်တော် ဝမ်းနည်းရတယ်"

"မင်းဝမ်းနည်းပါစေတော့လို့ ပြောတာမဟုတ်ဘူးလေနော်။ လိမ္မာတယ်..။ စိတ်နုနုလေးနဲ့ကွာ.. ကြည့်ဦး။ အဲဒါနဲ့များ ကိုယ့်အစ်မကို သွားစိန်ခေါ်သေးတာနော်"

ထိုသို့ပြောတော့ မျက်နှာက ချက်ချင်း တင်းခနဲဖြစ်သွား၏။ တတ်လည်းတတ်နိုင်သည့် သက်ဝေ။

Nightfall [Completed]Where stories live. Discover now