#Nightfall
9
ကားပေါ်မှမဆင်းမီ လက်မှဒဏ်ရာကို တစ်ချက်ကြည့်မိသေး၏။ မြ၏ သွားထက်ထက်တို့က သူ့အသားထဲ နစ်ဝင်သည်အထိ ကိုက်ခံခဲ့ရခြင်းဖြစ်ရာ နာကျင်မှုနှင့်အတူ ဒဏ်ရာကအထင်းသား။ သက်ဝေ မြင်လျှင် သေချာပေါက် စိတ်ပူမည်ဟု သိသဖြင့် သူတတ်နိုင်သမျှ အင်္ကျီလက်ရှည်ကို ဆွဲဆန့်လိုက်ပြီးမှ အိမ်ထဲ ဝင် သွားဖြစ်သည်။ လမ်းတွင် ပတ်တီးစည်းရန် သူစဉ်းစားမိသော်လည်း ပတ်တီးကိုမြင်လျှင် သက်ဝေ ငိုပင်ငို မလားမသိသဖြင့် ဤတိုင်းသာထားခဲ့ခြင်းပင်။
သက်ဝေက ထမင်းစားခန်းထဲမှာ ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေ၏။ ခြေထောက်တစ်ချောင်း ထောင်ထားပြီး နားကြပ်လည်းတပ်ထားသေးသဖြင့် သူဝင်လာသည်ကိုပင် သတိထားမိပုံမပေါ်။ အနား ကပ်သွားပြီး ကြည့်တော့ ဒီဇိုင်းပုံစံချနေသည်ကိုတွေ့ရ၏။ ခံစားသက်ဝင်နေလျှင် သက်ဝေက ချစ်ဖို့ အကောင်းဆုံးပါပဲ။ တကယ်ကို အမောပြေလေးပင်။
သက်ဝေ၏ ပုခုံးကို ခပ်ဖွဖွလေးပုတ်ပြီး အသံ ပေးလိုက်တော့ ကိုယ်တော်ချောက လန့်သွားပုံရသည်။
"သက်ဝေ"
"ဟ အောင်မလေး ဘယ်တုန်းကရောက်တာလဲဗျ"
"ကြာလှပြီ။ သူခိုးဝင်ပြီး ကိုယ့်အိမ်ကပစ္စည်းတွေ အကုန် မ သွားရင်တောင် သိမှာမဟုတ်ဘူးပဲ"
ထိုသို့ပြောတော့ မျက်နှာလေးက ချက်ချင်း ဂျစ်ကန်ကန်ဖြစ်သွား၏။
"ဦးဦးကနော်.. သူခိုးဝင်ရင် အိမ်ကပစ္စည်းတွေ ကုန်မှာပဲကြောက်နေတာ။ ကျွန်တော် အန္တရာယ်ရှိမှာကျ ထည့်တောင်မတွေးဘူး"
"ဟင်.. အဲဒီကောက်ချက်က ဘယ်လိုဆွဲလိုက်တာလဲကွာ"
"ဟုတ်တယ်လေ။ သူခိုးက ခိုးဖို့ ဝင်လာရင် ကျွန်တော့်ကိုတွေ့ပြီး အန္တရာယ်ပြုသွားမှာပဲ"
သူ မထိန်းနိုင်ဘဲ ရယ်လိုက်မိတော့ သက်ဝေက မျက်စောင်းထိုးကာ ကွန်ပျူတာပိတ်ပြီး အပေါ်တက်ဖို့ ပြင် ၏။ ထို့ကြောင့် အင်္ကျီကုတ်မှနေ၍ ဆွဲထားလိုက်ရသည်။
"နေပါဦးကွ။ မဖြစ်သေးတာကိုပါ ကြိုတွေးပြီး ကိုယ့်ကို ပြဿနာရှာတာနော်။ မင်းကိုတော့ မနိုင်ဘူးပဲ"
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။