3

5.8K 589 192
                                    

#Nightfall

3

မြထိပ်ထားနှင့် သူ့ကြားရှိ ဆက်ဆံရေးကို မြ၏ခင်ပွန်းဖြစ်သူ နေသန်က နားလည်ပေးသည်ဆိုဦးတော့၊ သူ က လူကြီးတစ်ယောက်အနေနှင့် ဆင်ခြင်သင့်သည်ဟု တွေးမိလာသဖြင့် တတ်နိုင်သမျှ ထိုအိမ်သို့ မသွားမိ အောင် ဆည်းဆာဦး ကြိုးစားခဲ့ပါသည်။ ထိုသို့ဆိုပြန်တော့လည်း မြ၏ အထင်လွဲငြူစူခြင်းကို ခံရပြန်၏။

"ဦးဦးက မြ ကိုပစ်ထားတယ်။ မြ နေလို့မကောင်းဘူး ဦးဦးရယ်"

ထိုစကားတစ်ခွန်းနှင့်တင် ဆည်းဆာဦးမှာ မြတို့အိမ်သို့ အပြေးရောက်သွားမိပြန်သည်။

"ဦးဦးက လူဆိုးပဲ။ ဘာဖြစ်လို့ မြကို ဂရုမစိုက်တော့တာလဲ ဘာဖြစ်လို့လဲလို့"

ဗိုက်အောင့်နေလျှင် ရှိရှိသမျှ ပြဿနာရှာကြံရစ်တတ်သော မြက နှုတ်ခမ်းကလေးကိုက်ထားရင်း သူ့ကို စီး ရန်တွေ့၏။ မြက သူနှင့်ဆိုလျှင် ကလေးတစ်ယောက်သာသာ ဖြစ်သွားတတ်သည်ကို သိထားသော ဆည်း ဆာဦးမှာ မြကို အပြစ်မမြင်ရက်ပါ။

"ကိုယ် ဂရုစိုက်ပါတယ်။ ဒီရက်ပိုင်းတွေ ဆေးရုံမှာ အလုပ်ရှုပ်နေလို့ပါ မြရယ်။ ရေနွေးအိတ်ကပ်ထားဦး နော်။ ကိုယ် မြ စားဖို့ တစ်ခုခုလုပ်ပေးမယ်"

"မလုပ်နဲ့။ မစားဘူး။ ဦးဦးနဲ့ စကားပြောချင်တာပါဆိုနေ"

သူ့လက်ကို အတင်းဆွဲဖက်ထားပြီး ဂျီကျနေသော မြကြောင့် ပြန်ထိုင်လိုက်ရသည်။ နေသန်က ယနေ့ည ပွဲတစ်ခုပြင်ပေးရမည်ဖြစ်၍ ပန်းဆိုင်ပိတ်တာနောက်ကျမည်ဖြစ်ကြောင်း ပြောထားသဖြင့်သာ သူရှိနေမိ ခြင်းပင်။

"ဟုတ်ပြီ။ ဟုတ်ပြီ။ ကိုယ် နားထောင်ပေးမယ်"

"မြတို့ အတန်းထဲက တရုတ်မလေးတစ်ယောက်ကလေ အရမ်းတော်တာပဲ။ သူ့ကို မနာလိုဘူး"

မြက ငယ်ငယ်ကအကျင့်အတိုင်းပင် စာသင်ခန်းထဲမှ အကြောင်းများကို စီကာပတ်ကုံး တိုင်နေ၏။ ဆည်းဆာဦးမှာ မြ မျက်နှာကိုသာ ငေးမောကြည့်မိသွားသည်။ ဒီမျက်နှာလေး၊ ဒီလေသံလေးနဲ့ ဒီကောင် မလေးကို ဆည်းဆာဦးက တစ်ဘဝလုံးစာ ငေးကြည့်ခဲ့ရတာဖြစ်သည်။ စိတ်ကူးမယဉ်ခဲ့ဖူးဟုဆိုလျှင် မုသားတစ်ခုပင်ဖြစ်ပါလိမ့်မည်။ သို့သော်... မြထိပ်ထားသည် တကယ်ပဲ သူမလှမ်းဝံ့သည့် ပန်းကလေး ဖြစ်နေခဲ့၏။ မြ၏ ခံစားချက်တို့ကို သူမမြင်၍မဟုတ်ဘဲ မသိချင်ဟန်ဆောင် လျစ်လျူရှုခဲ့ရသည့် အချိန် များသည် ဘဝ၏ အနာကျင်ဆုံးရသော အခိုက်အတံ့များပါပင်။

Nightfall [Completed]Where stories live. Discover now