#Nightfall #22
သက်ခန့်ဝေက ကလေးဆန်လွန်းသည်ဟု မကြာခဏ ထုတ်ဖော်မှတ်ချက်ပြုမိသည့်တိုင် ထိုအရာလေးက ပင် ချစ်ဖို့ကောင်းနေကြောင်းတော့ ဆည်းဆာဦး ဝန်ခံရပေမည်။ သက်ခန့်ဝေက သူ့အပေါ်တွယ်တာလွန်း သည်၊ မှီခိုလွန်းသည်။ "မျက်စိအောက်က အပျောက်မခံနိုင်အောင်" ဆိုသည်က သက်ခန့်ဝေအတွက်များ ရေးထားလေသလား မသိရအောင်ပင် လွန်လွန်းသည်လေ။
ယခုလည်း သက်ခန့်ဝေ စိတ်ကောက်နေပြန်ပါပြီ။ သက်ခန့်ဝေနှင့်တွဲပြီးကတည်းက စိတ်ကောက်မခံရ သောနေ့ - အနည်းဆုံး မျက်စောင်းမထိုးခံရသောနေ့ဟူ၍ မရှိကြောင်း ပြန်တွေးပြီး ရယ်ချင်သွားသော် လည်း ဤအခြေအနေတွင် ရယ်မောလိုက်လျှင် မိုးမီးလောင်သွားနိုင်သော ကိုယ့်ချစ်သူဒေါသကြောင့် မျက်နှာကို ဇွတ်တည်ထားရ၏။
"ဦးဦးက မတရားဘူး"
သက်ခန့်ဝေက အလိုမကျတိုင်း ထိုသို့ပြောလေ့ရှိသည်။ အနီးစပ်ဆုံးပြောရလျှင် စနိုးဝှိုက်ကာတွန်းကား ထဲမှ လူပုစိတ်တိုလေးကဲ့သို့ ဆိုဖာကိုမှီထိုင်ကာ လက်ပိုက်ပြီး စူစူပုပ်ပုပ်ဖြင့် နေနေသည်။
"ကိုယ်မတရားတာမဟုတ်ဘူးလေ။ ကိုယ် အဲဒီ ကွန်ဖရန့်စ် တက်ဖို့က မနှစ်က လောက်ကတည်းက စာရင်းပေးထားတာလေ။ မန်ချက်စတာမှာ မြန်မာဆရာဝန်တွေနဲ့လည်း ညစာစားပွဲလိုမျိုးရှိသေးတာ။ သက်ဝေရာ.. တစ်ရက်တစ်လေပဲဟာ"
"တစ်ရက်တစ်လေ ဟုတ်လား။ ဦးဦးက ကျွန်တော်နဲ့ တစ်ရက်ကြီးများတောင် ခွဲရက်တယ်လား။ ဟုတ်လား။ အောင်မလေး.. တစ်နာရီလောက် အသံမကြားရ မျက်နှာမမြင်ရတောင် လွမ်းနေရတာကို အတူတူပါ မအိပ်ရရင် ဘယ်လိုများနေထိုင်ရမလဲ"
"ကိုယ်တို့ ဖုန်းခေါ်လို့ရတာပဲလေ"
"ဖုန်းခေါ်တာက ဦးဦးအနားမှာရှိတာနဲ့မှမတူတာ"
သက်ဝေ ဤမျှရစ်နေသည်က အကြောင်းရှိသည်။ မန်ချက်စတာတွင် တက်ရမည့် ခွဲစိတ်ကုဆရာဝန်များ အသင်း၏ ညီလာခံသို့ သက်ဝေ လိုက်၍မရပေ။ သက်ဝေတို့ကျောင်းမှာ အရေးကြီးသည့် စာမေးပွဲတစ်ခု ရှိ နေသဖြင့် မည်သို့မျှ ခွင့်ယူ၍မဖြစ်ပါပေ။ ထို့အတူ ဆည်းဆာဦးမှာလည်း ထိုညီလာခံကို မသွား၍မရပါပေ။
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။