"မားမားရေ..မားမားရေ"
ဝမ်မားကတော့ အိမ်ထဲလူမရောက်သေးဘူး အပြင်ကနေ အသံစူးစူးနဲ့အော်လာတဲ့ ရှောင်းလေး အသံကိုအရင်ကြားနေရပြီ။အဆိုးလေးတော့ ရောက်လာပြီ။
"မားမား...အိပေါ်ရေး ရော"
ရှောင်းကျန့် ထမင်းစားခန်းထဲ ဘာတွေလှီးနေမှန်းမသိတဲ့ ဝမ်မားကို တွေ့တာကြောင့် လှမ်းမေးလိုက်သည်။
"ရှိတယ် ရှောင်လေးရေ အိပ်နေတာနေမယ် ရှောင်လေးဒီကို တစ်ယောက်ထဲ လာတာလား "
"ဟုတ်...သားတစ်ယောက်ထဲရာတာ"
ဝမ်မားကတော့ အပေါ်ကိုလုံးလုံးတက်သွားတဲ့ ရှောင်းလေးကိုသာ ကြည့်ရင်း ရှောင်းမားကိုတော့ ပြောရအုံးမယ် ကလေးကို တစ်ယောက်ထဲလွှတ်ရလားလို့။
"အိပေါ်!!...အိပေါ်ရေလို့"
"ဒုန်းးး!!!...ဘုတ်!!!
ရိပေါ် အိပ်နေတုန်း ကျန့်ကျန့်ရဲ့အသံကြောင့်အိပ်တောင်မရဘူး စူးလိုက်တဲ့အသံ ၊ ရိပေါ် အိပ်ရာပေါ်ကထကာ ကုတင်မှာထိုင်စောင့်နေလိုက်သည်။ပွင့်ထွက်လာတဲ့ တံခါးဖွင့်သံနဲ့အတူ ကြမ်းပြင်ပေါ် မှောက်ရက်လဲပြုတ်ကျလာတဲ့ ကျန့်ကျန့်။
ရိပေါ် ကြမ်းပြင်ပေါ် လှဲကျနေတဲ့ သူကို ထိုင်ကြည့်နေရင်း ကြမ်းပြင်ပေါ်က လူက ခေါင်းထောင်ကာ ယုန်သွားတွေပေါ်သည်အထိရယ်ပြလာသည်။ ရိပေါ် မျက်နှာ လွဲလိုက်သည် ထူပေးစရာလား သူ့ဘာသာရှက်ပြာနေတာကို။
အကျင့်မကောင်းတဲ့အကောင် လဲကျနေတဲ့သူကို လာထူပေးဖော်တောင်မရဘူး။ငါ့မှာတော့ သူ့ကိုတွေ့ချင်လာရတာကို။ရှောင်းကျန့် လဲနေရာကနေ ပြန်ထပြီး ရိပေါ်ကုတင်နားသွားလိုက်သည်။
"အာ့က ဘာဖြစ်နေတာလဲ"
နှုတ်ခမ်းကြီး စူပုတ်ပြီးသူ့ဘေးနားလာထိုင်နေတဲ့သူကို ရိပေါ် မေးလိုက်သည်။
"လဲနေတဲ့သူကို အိပေါ်ကလာတောင်မထူဘူး"
"အာ့က စိတ်ကောက်နေရာပေါ့"
"ဟွန့်!!ကောက်ရယ်"
"မကောက်တော့နဲ့ အတူဆော့မယ်ရေ"