_22_.

3.4K 315 7
                                    

ရှောင်းကျန့် ဒီနေ့ သူ့ရင်တွေ သိပ်သိပ်ခုန်နေရတယ်။ အိပေါ်က သူ့ကိုမိဘတွေခေါ်ပြီး လာတောင်းမယ်တဲ့ အိမ်ကိုဒီနေ့ပြောထားအုံးတဲ့။ ရှောင်းကျန့် သူ့မိဘတွေက အိပေါ်နဲ့မကြိုက်ခင်ကတည်းက ပေးစားနေခဲ့တာ မားမားသဘောတူမှာ ကြိမ်းသေသိနေတာပေါ့ ဒါပေမယ့် ဝမ်မားကရော သူ့ကို လက်ခံပါ့မလား။

ရှောင်းကျန့် အဝတ်အစားလဲနေရင်း ဝမ်မားတို့ သဘောမတူရင်ရောဆိုတဲ့ အသိလေး တွေးမိပြန်တော့ ရင်ဘက်ကအောင့်လာတယ်....။ ဝမ်မားမားက သူ့ကိုသိပ်ချစ်တာ အိပေါ်နဲ့သဘောတူလောက်မှာပါလို့ တွေးပြီး အင်္ကျီကိုသေချာသပ်ရပ်စွာဝတ်ကာ ရေမွှေးကို ခန္ဓာကိုယ်အနှံ့မွှေးကြိုင်အောင် ဖြန်းလိုက်သည်။

ဒါနဲ့ ဝမ်မားက သူ့ကိုသားလိုချစ်တယ် သားမက်မလိုမချစ်နိုင်ဘူး ၊ ဝမ်မျိုးဆက်လိုချင်တယ် ဘာညာနဲ့ အကြောင်းပြ ပြီး အိပေါ်နဲ့ခွဲရင်ရော...။ ရှောင်းကျန့် စိတ်လေးပင်စွာ ရေမွှေးပုလင်းကို မှန်တင်ခုံပေါ်ပြန်ချပြီး ကုတင်ပေါ်ထိုင်နေလိုက်တယ်။

အိပေါ် သူ့ကို လာတောင်းမယ့်ကိစ္စကို ပြင်ဆင်နေပေမယ့်....ဝမ်မား သဘောမတူရင်ရော...အဲ့အစီအစဥ်ပါကြိုတွေးထားရမယ်။ရှောင်းကျန့် ကုတင်ပေါ်ကဆင်းကာ ဗီရိုထဲက အဝတ်ထည့်တဲ့ အိတ်အကြီးကိုထုတ်ယူထားလိုက်သည်။

♪♪♪လင်ယူမယ်...လင်ယူမယ် အမေရယ်...ဒီစာမေးပွဲပြီးရင် သားတော့ ယူမယ်♪♪♪

ရှောင်းမား ဧည့်ခန်းမှာ ထိုင်နေတုန်း ပေါက်ကရသီချင်းအသံကြောင့် မော့ကြည့်တော့ သူ့ရဲ့နှစ်ယောက်မရှိသားလေး။ ဒီနေ့မှ ဝတ်ထားတဲ့ အင်္ကျီက သပ်ရပ်နေပါ့လား...လက်ထဲကလည်း အိတ်ကြီးကိုင်ပြီး လှေကားကဆင်းလာတာခုန်ပေါက်နေတာပဲ။

ရှောင်းပါး အလုပ်မသွားပဲ အိမ်မှာပဲ နားပြီး အလုပ်လုပ်မလို့ အခန်းထဲ ကို ဖိုင်တစ်ခုသွားယူဖို့ လှေကားပေါ်တက်မလို့ရှိသေး လှေကားက ဆင်းလာတဲ့ သားရှောင်းလေး အသံနဲ့အတူ ခပ်ပြင်းပြင်အနံ့က ထောင်းကနဲ။

"အမလေး...ကျွတ်စ် ကျွတ်စ်"

ရှောင်းကျန့် လှေကားက ဆင်းလာတော့ ပါးပါးက လှေကားအခြေမှာ မက်တပ်ရပ်ပြီး လက်နှစ်ဖက်နဲ့ နားထင်ကို ဖိကာ ညည်းတွားနေတာမို့ ရှောင်းကျန့် ပါးပါး အနား​အမြန်ပြေးဆင်းကာ ကပ်ရပ်လိုက်သည်။

ကြင်ကြင်နာနာပက်ကေ့ချ်{Complete}Where stories live. Discover now