ကျောင်းက ပြိုင်ပွဲအတွက် စပြင်ဆင်ကြကတည်းက အိပေါ် နဲ့ မတွေ့ရတာကြာပြီ။ သူတို့နှစ်ယောက်အတူနေပြီး ကျောင်းကို၃ရက်လောက် နားလိုက်တော့ လေ့ကျင့်ဖို့အချိန်တွေလည်း နောက်ကျခဲ့ရတယ်။ ရှောင်းကျန့် သီချင်းတိုက်ပြီး တိုင်း အိပေါ်ကိုရှာပေမယ့် အိပေါ်က အကလေ့ကျင့်နေတာကြည့်ပဲ။ အိပေါ်က ဘယ်Club မှမဝင်ပဲ တစ်ကိုယ်တော်ဖျော်ဖြေမှာတဲ့။ အိပေါ်ကို သူ့လွမ်းနေတာအမှန်ပဲ ၊ အိပေါ်ကရော သူ့ကို လွမ်းနေမလားတွေးမိပြန်တယ်။
"ရှောင်းကျန့်....မင်းနဲ့လည်း ရည်းစားရတာနဲ့ ခနမတွေ့ရတာကို လင်ပူမိနေတဲ့အတိုင်းပဲ"
အခုမှ သီချင်းတိုက်ပြီး ခနနားနဲ့အချိန်ကို ရှောင်းကျန့်က ရိပေါ်ကိုသွားရှာတာတဲ့ အတော်ကြာမှ ပြန်လာပြီး မျောက်ကြီးအိုမှိုင်နေသလို ထိုင်နေတာကြောင့် ကျန်းချန်ပြောလိုက်သည်။
ရှောင်းကျန့် ကျန်းချန်ကို မျက်စောင်းထိုးကြည့်လိုက်တယ်။မသဒ္ဒါတဲ့ အအေးကို စိမ်ပြေနပြေကို သောက်နေတာ။
"အိပေါ်က ငါ့ရည်စားမဟုတ်ဘူး ငါ့လင်နဲ့ ခွဲနေရတာ လင်ပူမမိလို့ ဘာပူမိရမှာလဲ"
"အမ်!!"
ဖန်ရှင်းကတော့ မုန့်စားနေရင်း ရှောင်းကျန့်စကားကို နားမလည်စွာကြည့်မိသည်။
"မင်းတို့၂ယောက်ကတကယ်လက်ထပ်ကြမှာပေါ့"
ကျိရန်ကပါ ရှောင်းကျန့် စိတ်ပြေလို့ပြေညားစကားပြောလိုက်သည်။ရှောင်းကျန့်အကြောင်းသိတယ်လေ ရှောင်းကျန့်က သူ့လင်အကြောင်းပြောရမယ်ဆို အမြဲတက်ကြွနေတာ။
"လက်ထပ်မှာမို့လို့...ငါတို့က တူနှစ်ကိုယ်ရွှေဂဟေတောင် ဆက်ပြီးပြီး"
ဖွီးးး!!!
ကျန်းချန် သောက်နေတဲ့အအေးတောင် သီးသွားရသည်။
"မင်း...အသက်လည်းမပြည့်သေးပဲ"
ရှောင်းကျန့်ကတော့ ဂရုမစိုက်ဘူးဆိုတဲ့ အထာနဲ့ပုခုံးတစ်ချက်တွန့်ပြကာ studio ခန်းထဲပြန်ဝင်သွားတယ်။
ကျန်ခဲ့တဲ့သူတွေသာ ပါးစပ်အဟောင်းသားလေး ကျန်ခဲ့ရတယ်။
____________________________
![](https://img.wattpad.com/cover/307108508-288-k788472.jpg)