_8_.

4.8K 411 9
                                        

♪♪♪ကိုကို အချစ်က သာ..... ကျန့်ကျန့် စိတ်က တမ်းတရာ♪♪♪♪

♪ကိုကိုး ဥပေက္ခာ ကျန့်ကျန့် အတွက် ပေးတဲ့အခါ♪♪♪

♪မျက်ဝန်းထဲ မိုးတွေရွာ နေမပျော်နိုင်ပါ ကျန့်ကျန့် ဘဝကြီးက♪♪♪♪

"ကျန့်ကျန့်...အသံပိတ်နေလို့ မရဘူးလားဟာ ငါစာကျက်လို့မရဘူး ၊ ထပ်ဆိုနေမယ် အိမ်ပြန်"

မနက်ဖန် ဆရာမက စာမေးမှာမို့ ရိပေါ် မရသေးတဲ့စာကို အမြန်ကျက်နေရတဲ့ ကြားထဲက ဘေးကငမွှေထိုးက ဖုန်းကြည့်ပြီး ဘာတွေဆိုနေမှန်းမသိ။ ဖုန်းရကတည်းက ဖုန်းနဲ့ မျက်နှာနဲ့မခွာ။

ဟွန့်!!

ရှောင်းကျန့် အိပေါ်ကို မျက်စောင်းထိုးကာ နှာမှုတ်လိုက်သည်။ သူ့ ကိုကို က confirm မလုပ်သေးလို့ သူ message က နေ စာလှမ်းပို့ထားလိုက်သည်။ ခင်ချင်တယ်ဆိုတဲ့ အကြောင်း ကိုကို Body အရမ်းမိုက်တယ် ဆိုတဲ့အကြောင်း ကိုကို လို့ ခေါ်လို့ရမလား ဆိုတဲ့အကြောင်းရယ် fri လက်ခံပေးဖို့ပါ ပြောထားပေမယ့် seen တောင်မပြခဲ့။

ရှောင်းကျန့် အိပေါ်နားငြီးတယ်ဆိုလို့ အိပေါ်နဲ့ဝေးရာ ​၃ပေအကွာ ကုတင်ထောင့်နားထိုင်ကာ ဖုန်းကိုကြည့်ရင်း...

♪♪ကိုကိုး..... ရဲ့ ချစ်မွှေးလေးပေါ့ ထာဝရသာ ကျန့်လေးပေါ့

♪ရင်မှာစိုးထိတ်လှတယ်.... ကိုကို မုန်းသွားခဲ့မှာ..... လူမသေခင် အိမ်မက်လေးသေမှာ♪♪♪♪

ဒီသီချင်းကမှန်တယ် ရှောင်းကျန့် ကိုကို ချောကလက်ပြားယက်ကြည့်ဖို့ အိမ်မက်တွေ ပျောက်ရှကုန်လိမ့်မယ်။

အားး!!!

ဘုတ်!!...အင့်!!

ရိပေါ် တကယ်စိတ်တိုလာပြီ ကျန့်ကျန့် အော်ကြီးဟစ်ကျယ် ဆိုနေတာ သူတကယ်စာကျက်မရ စိတ်မရှည်လှတာကြောင့် ကုတင်ပေါ်ကနေ ကန်ချထည့်လိုက်သည်။

အိပေါ်!!!

ရှောင်းကျန့် ကုတင်အောက်ကနေ ဖင်ကိုပွတ်ပြီး မက်တပ်ထရပ်ကာ အိပေါ် ကို လှမ်းအော်လိုက်သည်။

"တိတ်စမ်း...ငါ စာကျက်မို့"

ရှောင်းကျန့် ငိုမဲ့မဲ့ မျက်နှာနဲ့ စူပုတ်ပြီး ကုတင်ပေါ် ပြန်တက်ကာ စောင်ကိုတစ်ကိုယ်လုံး အုပ်ခြုံလိုက်သည်။သူ့မှာ ကိုကိုးကို လွမ်းလို့ ကောင်းကောင်းမ feel ရ ။

ကြင်ကြင်နာနာပက်ကေ့ချ်{Complete}Donde viven las historias. Descúbrelo ahora