♪♪ဒီအရွယ် ကျန့်ကျန့် တို့အရွယ်...
ဖလန်းဖလန်းတဲ့အရွယ် ..♪♪♪♪၁၀ကျော် ၅နှစ်ပတ်လည် မစူးမစမ်းတဲ့အရွယ်..♪♪
♪♪လူပျိုဖြန်းဆိုလား လူပျိုဒါန်းဆိုလား ဆန်းဆန်းပြားပြားခေါ်ကြပြန်တယ်...အဟိ။♪♪
ရိပေါ် မနက်စောစောစီးစီး ငှက်ဆိုးထိုးကြားနေရတာကြောင့် ဘယ်ကအသံလည်း သိချင်တာမို့ အိပ်ရာပေါ်ကနေ ခေါင်းထောင်ကြည့်လိုက်တယ်။
ကျန့်ကျန့်က ဗီရိုရှေ့မှာ သီချင်းဆိုရင်း အင်္ကျီရွေးနေတာ တစ်ကိုယ်လုံးကို ခါရမ်းနေတာပဲ။အံမယ်..အံမယ် အင်္ကျီကိုကိုင်ပြီ ဖင်ကို ဟိုဘက်ပစ်လိုက် ဒီဘက်ပစ်လိုက်နဲ့ ရိပေါ် သူ့လက်ဝါးတွေယားနေပြီ ရိုက်ထည့်လိုက်မှ အာဗြဲကြီးနဲ့ ထငိုအုံးမယ်။
"ကျန့်ကျန့်...ငှက်ဆိုးသံကြီး နဲ့ ဘာတွေဆိုတေမှန်းမသိ ငါအိပ်မရတော့ ဘူး"
ဒီနေ့က သူတို့အထက်တန်းရောက်ပြီဆိုတော့ ကျောင်းအသစ်ကို စ ပြောင်းတက်ရမှာမို့ ရှောင်းကျန့်အချောဆုံးဖြစ်အောင် ဗီရိုထဲက ကျောင်းဝတ်စုံကိုမှ မီးပူတိုက်ပြီးသား ကိုသေချာရွေးနေတာကို ဟိုအိပ်ရာပေါ်က အခုထိမထသေးတဲ့ကာလနဂါးအသံကြောင့် လှည့်ကြည့်မိသည်။ သူ့အသံ ဒီလောက်ချိုသာဒါကိုများ ငှက်ဆိုးသံတဲ့ မနာလိုနေတာသိသာလိုက်တာ။
"အိပေါ်!!ကာလနဂါးကောင်...
"ဒေါက်~~ဒေါက်
"သားတို့ အိပ်ရာထကြပြီလား ကျောင်းသွားရမယ်လေ"
ရှောင်းကျန့် အိပေါ်ကို ရန်ထောင်မလိုကို တံခါးခေါက်သံနဲ့အတူ မားမားအသံကြောင့် ရန်ထောင်ရမယ့်စကား လည်ချောင်းဝတစ်သွားရတယ်။
"မားမားဝမ်ရေ...ဒီမှာ အိပေါ်ကအိပ်ရာမထသေးဘူး...သားနိုးတာတောင် သားကိုပြန်အော်နေတယ်"
ရှောင်းကျန့် အခန်းထဲကနေ မားမားဝမ်ကို လှမ်းအော်ကာတိုင်ပြောလိုက်သည်။
"ဟဲ့...သားဝမ် ရှောင်းလေးတောင် ထနေပြီ...အကျင့်တွေပျက်မနေနဲ့ မားမားမကြိုက်ဘူး အချိန်၁၅မိနစ်ပဲပေးမယ့် အကုန်ပြင်ဆင်ပြီး နှစ်ယောက်လုံးထမင်းစားဖို့ဆင်းခဲ့တော့"