"ရှောင်းကျန့်....မင်းနဲ့ ရိပေါ်က တကယ်ကြီးလား"
"အင်း"
"ရှောင်းကျန့် .....မင်း သူ့ကိုကြည့်မရနေတာမဟုတ်ဘူးလား ဘယ်တုန်းကစကားပြောဖူးလို့ ချစ်သူတွေဖြစ်သွားတာလဲ"
"ငါတို့က ငယ်ငယ်ကတည်းက အိမ်ချင်းကပ်ရပ် သူ့ကို အိပေါ်လို့ခေါ်လို့ ကျောင်းမှာ ငါနဲ့စကားမပြောတာ"
"ဒါနဲ့....ဘယ်လိုများ ချစ်သူတွေဖြစ်သွားရတာလဲ"
ရှောင်းကျန့် ကိုကို နဲ့စကားပြောပြီး အခန်းထဲဝင်လာကတည်းက သူ့သူငယ်ချင်းတွေရဲ့ မေးခွန်းကို တန်းစီဖြေနေရသည်။ အခုလည်း ကျန်းချန်မေးလာတဲ့ မေးခွန်းကို ဖြေဖို့ ရှောင်းကျန့် အိပေါ် ထိုင်နေတဲ့ နေရာကို လှမ်းကြည့်မိတယ်။ အိပေါ်က သူ့သူငယ်ချင်းတွေနဲ့ ပြုံးရွှင်ကာ ဘာတွေပြောနေမှန်းမသိ။
"ဟိတ်ကောင်....မင်းလင်ကိုငေးမနေနဲ့ ငါမေးဖြေအုံး"
ကျန်းချန်း သူ မေးတဲ့မေးခွန်းမဖြေပဲ ရှောင်းကျန့် က ရိပေါ်ကို ငေးနေတာမို့ ရွဲ့ပြောကာ ထပ်မေးလိုက်သည်။
ရှောင်းကျန့် ကျန်းချန် အပြောကြောင့် အိပေါ်ကိုအကြည့်လွဲကာ ကျန်းချန်ကို မျက်စောင်းထိုးကာ ကြည့်လိုက်ရင်း...
"ငါက လင်ရှိလို့ငေးတာ....မင်းကလင်မရှိတော့ ဘယ်ငေးမလဲ"
ဖြောင်း!!
ကျန်းချန် ရှောင်းကျန့် လက်မောင်းကို ဖြတ်ရိုက်လိုက်သည်။ အခုမှ လင်ရတာများ လာနှိမ်နေတာ။
"မေးတာဖြေ"
"အဟမ်းးး!"
ရှောင်းကျန့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ခန္ဓာကိုယ်လေးကို မတ်လိုက်ကာ...
"ငါ မနေ့က ဘောင်းဘီကွဲခဲ့တာ သိတယ်မလား...အဲ့တုန်းက ငါ့ကို မင်ရန်တို့က အနှောက်အသွား မလွတ်တာတွေနဲ့ စနေတာ ငါလည်းရှက်တာပေါ့...အဲ့အချိန် ကိုကိုးက နတ်သားတစ်ပါးလို့ ငါ့ကို ကယ်တင်ခဲ့တာ ။ ငါတို့ ကျောင်းမတက်တော့ပဲ အိမ်ပဲတန်းပြန်ခဲ့တာလေ အိမ်ရောက်တော့ အိပေါ်က ငါ့ကိုချစ်ခွင့်ပန်ခဲ့တာ သူ ငါ့ကိုကာကွယ်ပေးမှာတဲ့ ချစ်နေတာကြာပြီတဲ့ ။"