_15_.

4.7K 419 14
                                        

♪♪♪"မကြာခင်....တို့နှစ်ယောက်အရမ်းပဲ ချစ်တော့မယ်...♪♪♪

♪♪ရည်းစားဖြစ်ဖို့ ၅မိနစ်လိုပါတော့တယ်...♪♪♪

ရှောင်းကျန့် သီချင်းလေးညည်းကာ မြှောက်ကြွမြှောက်ကြွ နဲ့ ကိုကိုးရှိရာသွားနေလေသည်။ဒီနေ့  မှရာသီဥတုက ပိုသာယာသလို...ဒီနေ့မှ သူ့ပတ်ဝန်းကျင်က လူတွေက ပိုကာပြုံးရွှင်နေကြသလို ထင်မိတယ်။သူလည်း ရင်ခုန်နေသလို သိပ်ပျော်နေတာကြောင့် လာလှမ်းတစ်လျှောက် ကျောင်းသား ကျောင်းသူတွေကို ပြန်ကာ ပြုံးပြလိုက်နေတယ်။ ဒီနေ့က ကမ္ဘာ့အပြုံးများနေ့လားမသိ...။

ရှောင်းကျန့် ကိုကိုးချိန်းထားတဲ့နေရာကို ရောက်နေပေမယ့် ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေလိုက်သည်။ ကိုကိုးမျက်နှာလေး တွေ့ဖူးချင်တာကြောင့် ကိုကိုးလာမှ ဘွားကနဲရှောင်းကျန့်ကအခုမှရောက်လာသလို အပြေးသွားဖတ်ရမယ်။

အဟိ....ရှောင်းကျန့် လက်လေးနှစ်ဖက်ကိုပွတ်ကာ ရပ်စောင့်နေလိုက်သည် ရင်ခုန်သံတွေကတဒိန်းဒိန်းနဲ့မြည်ဟီးလျက်။သူ့အနားက ဖြတ်သွားတဲ့ သူတွေကလည်း သူ့ကိုတွေ့တိုင်း ရယ်နေကြတော့...ကိုယ့်ကိုကိုယ် မလုံမလဲ ဖြစ်မိတယ်....ဒါက သူ့ကိုကိုးနဲ့ ချိန်းတွေ့မှာကိုများ လူတွေကသိနေကြတာလားလို့ ထင်မိသွားတယ်။ရှောင်းကျန့် မျက်နှာလေးရဲစွာ နှုတ်ခမ်းဖိကိုက်လျက် ရပ်နေမိတုန်း ကိုကိုးကို မျှော်နေမိတယ်....

ဟင်!!

ရှောင်းကျန့် ကိုကို နဲ့ သူနဲ့ ချိန်ထားတဲ့ ကျောင်းအနောက်က သစ်ပင်ကြီးအောက်ကို လူတစ်ယောက်ရောက်လာတော့ သူ့နှလုံးသားတစ်ခုလုံး မြေကြီးပေါ်ပြုတ်ကျသွားသလိုခံစားလိုက်ရတယ်။

ရောက်လာတဲ့သူက အသားကမဲလိုက်တာ body ကတောင့်ပေမယ့် အရပ်က ၅ပေတောင်ပြည့်ရဲ့လားမသိ။ဘယ်လိုကြီးလဲ....ရှောင်းကျန့် သစ်ပင်အောက်ရပ်နေတဲ့ ထိုလူကိုကြည့်နေမိတော့ ငိုချင်လာသည် သူ ကိုကိုးရဲ့ဆစ်ပက်ကို ယက် ကြည့်ချင်ပေမယ့် အခုက မုန့်ကုလားမဲ ကြီးကို ယက်ရမယ့်အဖြစ်တွေးမိကာ ခန္ဓာကိုယ်ပင် တုန်တက်သွားသည်။

ရှောင်းကျန့် စိတ်ဒုန်းဒုန်းချပြီး လွယ်အိတ်ကို သေချာကြိုးတင်းကာ ဖိနပ်ကိုသေချာကြိုးချည်ပြီး ပြန်လှည့်ပြေးထွက်မလို့ကြံရွယ်လိုက်သည်။သူ ပေမမှီတဲ့ မုန့်ကုလားမဲတော့ မစားချင်ဘူးရယ်။ ရှောင်းကျန့် ပြန်လှည့်ဖို့အလုပ် သစ်ပင်အောက်ကလူက ဆေးလိပ်သောက်ပြီး ပြန်ထွက်သွားသောကြောင့် ရှောင်းကျန့် မျက်လုံးလေးပြူးကာ ယုန်သွားလေးပင်ပေါ်စွာပြုံးရွှင်လာလေသည်။

ကြင်ကြင်နာနာပက်ကေ့ချ်{Complete}Wo Geschichten leben. Entdecke jetzt