ရှောင်းကျန့် ကျောပေးထားရာကနေ ချက်ချင်းပင် အိပေါ်ဘက်လှည့်လိုက်သည်။ အိပေါ်က သူ့အင်္ကျီကို ရင်ဘတ်နားထိ လှန်တက်ကာ သူ့ကို ပြုံးစိစိကြည့်နေတာနဲ့ ရှောင်းကျန့် လှမ်းထိုးလိုက်တယ် မျက်စောင်းနဲ့။
အိပေါ်က တအားအထိအတွေ့ ခံချင်နေလွန်းလို့သာ ရှောင်းကျန့် ကိုင်ကြည့်ရတာ သိပ်ကိုင်ချင်နေတာမဟုတ်ဘူး။
"ဝါးးး...မိုက်လိုက်တာ မာကျစ်နေတာပဲ ချောကလက်ပြားတွေက ။"
ရိပေါ် သူ့ရဲ့ဗိုက်ကြွက်သားတွေကို တို့ထိကာ အံသြတသ လုပ်နေတဲ့ ကျန့်ကျန့် ကို ချစ်မြတ်နိုးမှုအပြည့်နဲ့သာ ကြည့်နေမိတယ်။ ရိပေါ် ကျန့်ကျန့် အကြိုက်ကို သိတာပေါ့။
"အိပေါ် ကတကယ်ပဲ ကိုကိုးလား"
ရှောင်းကျန့် အိပေါ် ချောကလက်ပြားတွေ တို့ထိကြည့်ရင်း မယုံနိုင်စွာမေးလိုက်သည်။
"အင်း...ချစ်မွှေးလေး ရဲ့ကိုကို"
ရှောင်းကျန့် အိပေါ်ဆီက ချစ်မွှေးလေးလို့ အခေါ်ခံရတာကြောင့် မျက်နှာလေးရဲသွားကာ ရင်ထဲလည်း ခွေးပေါက်လေးတစ်ကောင် ခုန်ပြေးနေသလိုပဲ။ ဘယ်လိုကြီး ဖြစ်သွားမှန်းမသိ။
"ဟို...အိပေါ်က ကျန့်ကျန့်ကို ချစ်သူလိုတကယ်ချစ်တာလား"
ရိပေါ် တခါမှမတွေ့ဖူးတဲ့ ခေါင်းငုံ့ကာ ရှက်နေတဲ့ ကျန့်ကျန့်မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ထိန်းကိုင်ရင်း နဖူးလေးထက် အနမ်းလေးပေးလိုက်သည်။
"ပြွှတ်စ်"
"ချစ်မွှေးဆိုတဲ့ သူက မင်းနဲ့ရုပ်ချင်းဆင်နေတာတောင် ငါမင်းမဟုတ်ဘူး ဆိုတဲ့အသိနဲ့ ရင်မခုန်ခဲ့ဘူး....ငါ မင်းကိုပဲ ချစ်တယ် ကျန့်ကျန့်"
အိပေါ်က အနမ်းပေးရင်း ဖွင့်ပြောလာတဲ့ စကားတွေကြောင့် ရှောင်းကျန့် ကုတင်ပေါ်တက်ကာ ထကချင်စိတ်ပေါက်နေတယ် သို့ပေမယ့် အခုချိန်က အရှက်ပိုပြရမယ့် အချိန်မလား...ဒါမှ ရည်းစားစကားအပြောခံရတဲ့ ရှက်နေတဲ့သူကို အိပေါ်က အူတွေယား အချစ်ပိုနေမှာဧကန်ပဲ။
ရိပေါ် သူတခါမှမမြင်ဖူးတဲ့ အရှက်သည်းနေတဲ့ ကျန့်ကျန့်ကို ချစ်လိုက်တာ ဘယ်လိုလေးမှန်းမသိဘူး။
![](https://img.wattpad.com/cover/307108508-288-k788472.jpg)