End

4.6K 335 15
                                    

"ကလေးတွေကို အတူရှိနေစေချင်တာ အရင်ကတည်းက ဆန္ဒရှိတာမို့ ကိုယ်တော့ ဘာမှပြောစရာမရှိပါဘူး"

ရှောင်းမားကတော့ သားလေးကိုကြည့်ရင်း ပြုံးရွှင်စွာ ဖြေကြားလာလေတယ်။

"ရှောင်းပါး ဘက်ကရော ပြောစရာများရှိသေးလားရှင့်"

ရှောင်းပါး ကတော့ ဒီစေ့စပ်ကြောင်းလမ်းပွဲထက် မိဘတွေရော တခြား ရပ်ကွက်က လူကြီးအနည်းငယ်ပါရှိနေတာကို  ရိပေါ်လေးရင်ခွင်ထဲ တိုးဝင်ဖတ်နေတဲ့ သူ့သားကို ကြည့်ပြီး အတော်စိတ်လေနေပြီ။သဘောတူစွာ စေ့စပ်ကြောင်းလမ်းပွဲ လက်ခံထားတာကို သူ့သားက မကြာခင်ခွဲရတော့မယ့် ချစ်သူကို ဖတ်နေသလိုမျိုး တိုးဝင်ဖတ်နေတာ အမြင်ကပ်စရာ ။ ရပ်ကွက်လူကြီးတွေကတောင် တစ်ချက် တစ်ချက်ရှောင်းလေးကို ခိုးကြည့်နေတာရှောင်းပါးရိပ်မိတယ် အဲ့ကောင်ဘာဖြစ်နေတာလဲ ကျောရိုးမပါဘူးလား။

ဝမ်မားဘက်ကမေးနေတာကို ပြန်မဖြေပဲငေးမောနေတဲ့ ရှောင်းပါးရဲ့ ပေါင်ကို ရှောင်းမားလိမ်ဆွဲလိုက်သည်။

"သဘောတူကြည်ဖြူလို့ အိမ်ကစောင့်နေတာတောင် သားကိုကြည့်အုံး....ရိပေါ်လေး အင်္ကျီထိထဲဝင်တော့မယ်."

ရှောင်းပါး စကားကြောင့် ရှောင်းအိမ်တော်ထဲမယ် ရယ်သံတွေပြန့်လွင့်နေခဲ့တယ်။ ရယ်မောနေကြတဲ့ အထဲမှာ ရှောင်းပါးတော့ မပါပေ။ ရှက်ကြောနဲ့ ချက်ကြော မှားဖြတ်လာတာလား မသိ အရှက်ကိုမရှိတဲ့ သူ့သားကို ထရိုက်ချင်နေပြီ။

ရှောင်းကျန့် သူ့ကိုဘုကြည့်ကြည့်နေတဲ့ ပါးပါးကို ကိုကိုးရင်ခွင်ထဲကနေ သွားတွေအကုန်ပေါ်သည်အထိ ပြုံးရယ်ပြလိုက်တယ်။ကိုကိုက တောင်းရမ်းမယ့်နေ့က မနက်ဖြန်မှလို့ ပြောနေပေမယ့် သူက ဒီနေ့မှတ်ပြီးအဝတ်အစားကအစ သေချာပြင်ဆင်ထားတာ ပြီးတော့ အိမ်က မားမားနဲ့ ပါးပါးကလည်း အဆင်သင့်ပဲမို့ ဒီနေ့ပဲလုပ်ဖို့ ဝမ်မားတို့ကိုတောင်းဆိုလိုက်တာ။

ကိုကို ရော ဝမ်မားရောက သူ့ကိုချစ်တော့ သူပြောတာမငြင်းခဲ့ဘူး ။ ဝမ်မားက ရုံးသွားတဲ့ ဝမ်ပါးကိုတောင် ဖုန်းဆက်ပြန်ခေါ်လိုက်တယ်။ မားမားတို့ပြင်ဆင်နေတုန်း ရပ်ကွက်လူကြီးတွေကို သူကိုယ်တိုင်သွားခေါ်လိုက်ရတယ်။

ကြင်ကြင်နာနာပက်ကေ့ချ်{Complete}Donde viven las historias. Descúbrelo ahora