_10_.

4K 397 11
                                    

ရှောင်းကျန့် အိပ်ရာကနိုးတော့ ရိပေါ်က မရှိ အရင်ကဆို သူမနိုးသေးရင်တောင် အခန်းထဲကစောင့်နေသေးတယ်အခုတော့ အရိပ်အယောင်တောင်မမြင်။ အိပ်ရာကနိုးပြီ ကုတင်ပေါ်ထိုင်နေရာကနေ စားပွဲပေါ်က ဖုန်းကိုလှမ်းယူလိုက်သည်။

ရှောင်းကျန့် သူဖုန်းပေါ်က မြင်နေရတဲ့ Noti တစ်ခုကြောင့် ရင်ထဲ ကုလားဘုရားလှည့်နေလေပြီ။ ဒီနေ့ ကံကောင်းတဲ့ နေ့များလား။

သူ့ရဲ့ ကိုကိုက သူ့ဆီကို ချစ်မွှေးလေး ဘာလုပ်နေလဲတဲ့ စာပို့တယ်။ရှောင်းကျန့် အမြန်ပဲ ကိုကို့ ဆီ စာပို့လိုက်တယ်။

//ကိုကိုး ချစ်မွှေးလေး ကျောင်းသွားတော့မလို့ပါ ကိုကို//

//ကိုကို ရောဘာလုပ်နေတာလဲ လုပ်စရာမရှိရင် ချစ်မွှေးလေးကို လုပ်မလား//

ကိုကိုက လိုင်းပေါ်မရှိတာနဲ့ ရှောင်းကျန့် ဖုန်းကိုပြန်ချကာ ရေချိုးခန်းထဲဝင်လိုက်သည်။ကိုကို က သူ့ကိုအတော်သတိထားမိနေပြီ...မကြာခင် ကိုကိုး အချစ်ကိုရအောင်ယူရမယ်...သူသာ ချစ်သူရရင် ဟိုအိပေါ်တော့ တစ်ယောက်ထဲဖြစ်နေတော့မှာပဲ။

ရှောင်းကျန့် ရေအမြန်ချိုးကာ မဝတ်အစားလဲပြီး အိမ်အောက်အမြန်ဆင်းလာခဲ့သည်။အိမ်အပြင်ရောက်တော့ အိပေါ်က စက်ဘီးကိုခွရက်သား သူ့ကို စောင့်နေပုံ။သူလည်း အနောက်ခုံမှာ တက်ထိုင်လိုက်ပြီး အိပေါ် ခါးကို ကိုင်လိုက်သည်။

"ကျန့်ကျန့်...အခုထိ စက်ဘီးမစီးရဲသေးတာလား ခါးမကိုင်နဲ့ မနေတက်ဘူး"

အမ်!!

"အရင်ကလည်း ကိုင်နေကြပဲကို အခုမှဘာထဖြစ်"

"ငါ စက်ဘီနင်းရတာ အဆင်မပြေဘူး"

ရှောင်းကျန့် အိပေါ်နောက်ကျောကနေ မျက်နှာစူပုတ်ကာ မျက်စောင်းတွေကြည့်ထိုးနေလိုက်တယ် ဒီနေ့ အတော်ထူးဆန်းနေတယ် အိပေါ် ဘာဖြစ်နေလဲမသိဘူး။ရှောင်းကျန့် အိပေါ်ခါး မကိုင်ပဲ ဒီအတိုင်းစီးရတယ်။ အယုတ်တမာကောင် ငါပြုတ်ကျရင် သူ့ပါဆွဲချပစ်မှာလို့လဲ စိတ်ထဲက ကြိမ်းနေလိုက်တယ်။

"ရောက်ပြီ....ဆင်းတော့"

ရှောင်းကျန့် အိပေါ်ကို ကြိမ်းဝါးနေတာနဲ့ ကျောင်းနားရောက်တာတောင် သတိမထားမိ အိပေါ်အသံကြားမှ ရောက်မှန်းသိရတယ်။ သူလည်း စက်ဘီးပေါ်က ဆင်းပြီး ကျောင်းဆီသွားမယ် လုပ်ပြီးမှာ အိပေါ်ကို ပြန်လှည့်ကြည့်မိတော့...

ကြင်ကြင်နာနာပက်ကေ့ချ်{Complete}Donde viven las historias. Descúbrelo ahora