"ရှောင်းကျန့်....ကျောင်းလေးပိတ်တုန်းအေးဆေးအိပ်ရမလားမှတ်တယ် ဘာလို့ငါ့ကိုခေါ်တာလဲ"
ကျန်းချန် ရှောင်းကျန့် ပြောစရာရှိတယ်ဆိုလို့ အိပ်ရာကနေချက်ချင်းထလာပြီး သူချိန်းတဲ့ စားသောက်ဆိုင်နေရာကို လာခဲ့ရတယ်။ မနေ့ညက တညလုံး game ဆော့ထားလို့ သူ့မှအရမ်းအိပ်ချင်နေတာ။
"မင်းကလည်း ရောက်တာနဲ့ အော်ဖို့ပဲ ထိုင်ပါအုံး"
ကျန်းချန် မျက်နှာမှုန်ကုပ်စွာ ပြုံးစိစိလုပ်နေတဲ့ ရှောင်းကျန့်ရဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
"ပြော...အရေးကြီးတာ ဘာကိစ္စလဲ"
"အေးဆေးပေါ့ မင်းတင်မဟုတ်ဘူး တခြားကောင်တွေပါ ခေါ်ထားတယ်...
ရှောင်းကျန့် ကျန်းချန်းကိုပြောရင်း ဟဝင်ပေါက်ကို လှမ်းကြည့်မိတော့ ဖန်ရှင်း နဲ့ ကျိရန်ကို တွေ့တာကြောင့် ပြကာ...
"ဟိုမှာ...ဟိုကောင်တွေလည်း ရောက်ပြီ"
ဖန်ရှင်း နဲ့ ကျိရန် လည်း လွတ်တဲ့နေရာမှာဝင်ထိုင်လိုက်ရင်း...
"ပြောပါအုံးရှောင်းကျန့်...မင်းဒီလောက်အူမြူးနေတဲ့ကိစ္စ"
"ဖန်ရှင်း...ငါတို့ရဲ့ဆောင်ပုဒ်ကိုမှတ်မိတယ်မလား"
"ဒါပေါ့မှတ်မိတာပေါ့...
နုပျိုလင်းလက် စွမ်းအင်ထက် အမျိုးသားတိုင်းအတွက် အဆင်လိုအပ်။"
ဖန်ရှင်းရွတ်ပြတာကို ရှောင်းကျန့် လက်မထောင်ပြလိုက်သည်။
"ဟုတ်တယ်...အခု ငါ အဆင်ရပြီ...အဲ့..ငါရည်စားရပြီလို့ပြောတာ"
"ဘယ်လို!!!"
ရှောင်းကျန့် စကားသံအဆုံး ကျိရန် နဲ့ ဖန်ရှင်းက အံသြသွားကြပေမယ့် ကျန်းချန်ကတော့ အိပ်ငိုက်နေတုန်း။
"ဟီးးဟီးး...ဟုတ်တယ် ငါ့ ရည်းစားရပြီ ဒါကြောင့် မင်းတို့ကိုကြွားရင်း...တစ်ဝိုင်းကျွေးမလို့"
"တကယ်လား...ရှောင်းကျန့်"
ရှောင်းကျန့် အစားဆိုတာရှိသေး အိမ်မက်ကနိုးထလာတဲ့ ကျန်းချန်ကိုမဲ့ရွဲ့ကာကြည့်လိုက်ရင်း...
![](https://img.wattpad.com/cover/307108508-288-k788472.jpg)