♪♪♪ကျန့် ရဲ့...ရှင်ဘုရင်လေးလား ကြင်နာစွာ ချစ်သွား...ကိုကိုး အနားမှာ ခစားပါရစေသား♪♪♪
အိပေါ်က ရည်းစားရှိနေပြီတဲ့ ကျန့်ကျန့် ကျန်ခဲ့လိုမဖြစ်တာမို့ ကိုကိုးဆီကအချစ်အမြန်ရအောင် ရှောင်းကျန့် ကိုကိုး ကိုရေလာမြောင်းပေးတင်မဟုတ် ဆည်ကျိုးတဲ့အထိ အချစ်စာတွေပေးပို့ပြီး ကုတင်ပေါ် မက်တပ်ရပ်ကာ သီချင်းတွေ သီဆိုနေလိုက်သည်။
♪♪♪ဗိုက်ပေါ်က Six pack ကြီးကို ကျန့်လေး ကြိုက်တယ်♪♪
♪♪♪တုတ်ခိုင်တဲ့ 8 လက်မကြီးကိုလည်း ကျန့်လေး ငြိတွယ်♪♪
♪♪ကျန့် အချစ်တွေ....ကမ္ဘာကြီးသိအောင်သာ ပြောချင်တယ်♪♪
♪♪ယုံကြည်ပါ ကိုကိုးစိတ်ချ ကျန့်ကျန့်အချစ်သာ ကိုကိုးအတွက်သာ♪♪
ဘုတ်!!
"အမလေး!!!"
ရှောင်းကျန့် ကုတင်ပေါ်ကနေ ခြေချော်ကာ အောက်ကိုပြုတ်ကျသွားလေသည်။
"အားးး...ကျွတ်စ်..ကျွတ်စ်"
ရှောင်းကျန့် မြှီးညှောင့်ရိုးအောင့်သွားတာကြောင့် မျက်နှာရှုံ့မဲ့ကာ မနည်းအားယူပြန်ထ ရတယ်။နာသွားတာကြောင့် စားပွဲပေါ်က ပစ္စည်းတစ်ခုကိုယူပြီး အခန်းပြင်ထွက်လာခဲ့သည်။
ရှောင်းမား လှေကားကနေ ခါးကုန်းကာ ကွတကွတ ဆင်းလာတဲ့ သားကိုကြည့်ရင်း ခနတာမှောင်မိုက်သွားမိပေမယ့်....သူ့သားက စပ်စလူးမို့ ရှောင်းမားမေးကြည့်ရအုံးမယ်။
"ဟဲ့...သား ဘာဖြစ်တာလဲ"
ရှောင်းကျန့် မားမားကို တွေ့တာနဲ့ ငိုမဲ့မဲ့လေးလုပ်ကာ...
"ဟင့်...သား သီချင်းဆိုရင်း ကုတင်ပေါ်ကပြုတ်ကျတာ"
ရှောင်းမား သူ့သားစကားကြောင့် အမှောင်တွေး တွေကမြူတွေလိုလွင့်ပြယ်သွားခဲ့တယ်။
"ထင်သားပဲ...အဖြစ်ကိုမရှိဘူး"
"မား...ဘာပြောတာလဲ"
ရှောင်းကျန့် သူ့ကိုကြည့်ကာ ပွစိပွစိရွတ်နေတဲ့ မားကြောင့် မကြားလိုက်လို့ထပ်ကာမေးလိုက်သည် ။