♪♪ဒီမှာ...တင်းတယ်...တင်းတယ်
♪♪တင်းတယ်..တင်းတယ်...ဟေ့
♪♪လူမသိ သူမသိဒုက္ခများခက်ကွာ...♪♪
ရိပေါ် ရေချိုးခန်းက ထွက်လာတဲ့ ကျန့်ကျန့်ကို စိတ်ရှည်စွာ ထိုင်စောင့်ပေးနေသည်။ သူ ဗိုက်အတော်ဆာနေပြီ ၊ အခုလည်းကြည့် ဗီရိုရှေ့မှာ အသံအာကျယ် အာကျယ်နဲ့ ဘာတွေဆိုနေမှန်းမသိ။
♪♪ဒီမှာ တင်းတယ်.... တင်းတယ်
♪♪တင်းတယ်...... တင်းတယ် ဟေ့..
"ကျန့်ကျန့်....ဘာတွေဆိုနေတာလဲ အဝတ်စားလဲလို့ မပြီးသေးဘူးလား ၊ တင်းတယ် တင်းတယ်နဲ့ ဘာဖြစ်နေလဲ။
ဟွန့်"
"ဒီမယ်လေ ကျန့်ကျန့် အင်္ကျီက ကြပ်နေလို့ အတင်းဆွဲယူကြယ်သီးတပ်နေတာ ကြပ်ထုပ်နေတာပဲ"
"ကြပ်မှာပေါ့.... ဒီလောက်စားသောက်နေတာ ဝ လာပြီမလား"
ဝလာပြီပြောတော့ မဟုတ်တာကျလို့ မျက်စောင်းကလှမ်းထိုးနေသေး။
"ကျန့်ကျန့်....အဲ့ဒါ ဘာလုပ်တာလဲ"
သူ့အဝတ်အစားကို ယူဝတ်နေတဲ့ ကျန့်ကျန့် ကို ရိပေါ် လှမ်းအော်လိုက်သည်။
"ကျန့်ကျန့် ဒီမှာရှိနေတဲ့ အဝတ်ကမတော်တော့ဘူးလေ အိပေါ်အင်္ကျီခနငှားဝတ်နော်"
မျက်နှာကိုက မကြာခင်သည်းကြီးမဲကြီး ရွာကျတော့မယ့် မိုးလို နှုတ်ခမ်းက မဲ့တဲ့တဲ့နဲ့ သနားချင်စရာ ရုပ်လေးက ဘာလေးမှန်းကိုမသိဘူး။
"ဒီတခါပဲ....နော်"
ရှောင်းကျန့် သနားချင်စရာရုပ်လေးလုပ်ပြတော့ အိပေါ်က တခါထဲလက်ခံသွားတာမို့ ရှောင်းကျန့် အိပေါ်ကိုကျောပေးပြီး မျက်နှာပြုံးရွှင်စွာ အဝတ်အစားလဲဝတ်လိုက်သည်။
"လာ...အိပေါ် သွားရအောင်"
ရှောင်းကျန့် အိပေါ် လက်ကိုတွဲကာ ရှောင်း အိမ်ဘက်ထွက်လာခဲ့သည်။
"ကျန့်ကျန့် ငါ ဗိုက်ဆာနေပြီဟ"
"အိမ်မှာစားမယ်လေ....အခု ကျန့်ကျန့်ကို ကူညီ ဖုန်းဝယ်ပေးဖို့ ကူပြောပေးပါ့လား"