"အာ့!!"
ရှောင်းကျန့် သူတစ်ခုခုပေါ်ကနေပြုတ်ကျသွားသလိုပဲ...နာသွားတဲ့ဖင်ကိုပွတ်ကာ ကြမ်းပြင်ပေါ်ထိုင်နေတုန်း...တရိပ်ရိပ်တက်လာတဲ့ မနေ့ကအခြေအနေ မသောက်ဖူးတာတွေသောက်ပြီး မူးရူးသွားတာ ဘာတွေလုပ်မိမှန်းမသိ။ထိုးကိုက်လာတဲ့ ခေါင်းကို ဖိကာ အပေါ်ကိုမော့ကြည့်တော့..သူ ကုတင်ပေါ်ကပြုတ်ကျလာသည်ပင်။
"အခုထိမထသေးပဲဘာထိုင်လုပ်နေတာလဲ"
အိပေါ်အသံကြားမှရှောင်းကျန့်မတ်တက်ထရပ်လိုက်တော့အိပေါ်က ကုတင်ပေါ်မှာထိုင်နေရင်းသူ့ကိုမျက်မှောင်ကြုပ်ကာကြည့်နေသည်လေ။
"အိပေါ်...ကျန့်ကျန့် ကုတင်ပေါ်ကပြုတ်ကျလို့ ဖင်နာလိုက်တာ"
ရှောင်းကျန့် တကယ်ဖင်နာနေတာမို့ အိပေါ်ကိုကြည့်ကာဆိုလိုက်သည်။
ရိပေါ် ဖင်ကိုပွတ်ရင်းနှုတ်ခမ်းထော်ကာပြောနေတဲ့ ကျန့်ကျန့်ကို လုံးဝမသနားဘူး။
"ကုတင်ပေါ်က ပြုတ်ကျတာမဟုတ်ဘူး ငါကန်လိုက်တာ"
ရိပေါ် ကျောင်းသွားဖို့ နိုးစက်ပေးထားလို့သာပေါ့ မဟုတ်ရင် ညကအရှိန်ကြောင့် လုံးဝထနိုင်မှာမဟုတ်။ အိပ်ရာကနိုးတော့လည်း ခွေးသားက သူ့ကိုအတင်းခွဖတ်ထားတာ လက်နဲ့ဖယ်လို့တောင်မရ ။ အိပ်နေတဲ့ ကျန့်ကျန့် နှာခေါင်း နဲ့ ပါးစပ်ကို အသေချာပိတ်လိုက်တော့မှ ကျန့်ကျန့်က အသက်ရှုကြပ်လို့ထင်ပါရဲ့ ကိုယ်လေးနည်းနည်းရုံးလာသလို သူလည်းခွထားခံရတာကနေ လွတ်သွားသည်။ဒါတောင် ခြေထောက်တစ်ဖက်က ဗိုက်ပေါ်ထပ်တင်လာတာကြောင့် ရိပေါ် ကျန့်ကျန့်ကို ကုတင်ပေါ်ကနေ ဆောင့်ကန်ချလိုက်တာ။
"အိပေါ် ဘာလို့ ကျန့်ကျန့် ကို ကန်တာလဲ"
"ကန်မှာပေါ့...ဘယ်အချိန် ရှိနေပြီလဲ အိပ်ရာထမရအောင် အသေကုတ်တွယ်ထားတာကိုး ငါကျောင်းသွားဖို့ပြင်ဆင်ရအုံးမှာမို့ ဒါကြောင့် မင်းကိုကန်ချလိုက်တာ"
"အိပေ....
"ဖယ်...ငါ ရေချိုးခန်းဝင်မလို့"
ရိပေါ် တရှုးရှုးတရှဲရှဲ နဲ့ ဒေါသထွက်ကာ သူ့ကိုရန်ထောင်တော့မယ့် ကျန့်ကျန့်ပုံစံကြောင့် ကုတက်ပေါ်ကဆင်းကာ ကျန့်ကျန့် ပခုံးကိုတိုက်ရင်း လျှာထုတ်ပြပြီး ရေချိုးခန်းထဲကအမြန်ဝင်လာခဲ့သည်။