ရှောင်းကျန့် သူဖင်ကွဲနေတဲ့ ဘောင်းဘီနဲ့ ကျောင်းမှာ ပတ်သွားခဲ့တာကို ရှက်မိပေမယ့် အိပေါ် ရင်ခွင်ထဲလိုက်ခဲ့ရတဲ့အချိန်မှာ သူရင်တွေတအားခုန်နေခဲ့တာ ဘာလို့များလဲ ၊ အဲ့အချိန် ခနလေးမှာ ဖင်ကွဲတာကိုတောင် မေ့ပြီး အိပေါ်ကိုသာ ငေးနေမိခဲ့တာ သူ့သူငယ်ဂျင်း အိပေါ်က တကယ်ချောတာပဲ။ သူအားငယ်နေတဲ့အချိန်တောင် ချိန်းထားတဲ့ ကိုကိုးက ရောက်မလာခဲ့ပဲ သူ့ရဲ့ အိပေါ်ကသာ နတ်သားလေးလို ရောက်လာခဲ့တာ ။ အိမ်ထဲဝင်တော့ ဝမ်မားက တွေ့ကာ သူတို့ကိုမေးလာသည်မို့ ရှောင်းကျန့် အရှက်ကွဲခဲ့တာကို တခြားလူထပ်မသိစေချင်တာကြောင့် အိပေါ်ရင်ခွင်ထဲတိုးဝင်ကာမျက်နှာဖွတ်ထားမိတယ်။
ရှောင်းကျန့် အခန်းထဲရောက် ရောက်ခြင်း ဖင်ကွဲနေတဲ့ဘောင်းဘီကိုချွတ်ချကာ ဘောင်းဘီတစ်ထည်အမြန်လဲဝတ်လိုက်သည်။ ရှောင်းကျန့် စိတ်မြန် လက်မြန်စွာ လဲဝတ်ပြီးမှ အိပေါ်ရှိနေတာ သတိရမိသွားတာမို့ မျက်နှာတစ်ခုလုံး ပူထူသွားရပြန်သည်။ဒီနေ့ ပြဿဒါးများလား ဖင်ကွဲနေတဲ့ ဘောင်းဘီဝတ်ရုံတင်အားမရလို့ အခုအိပေါ်ရှေ့မှာ တောင် ဘောင်းဘီအကုန် ချွတ်ချမိသွားတယ်။ ရှောင်းကျန့် ရှက်မိသွားတာမို့ အိပေါ်ကိုမကြည့်ပဲ ကုတင်ပေါ်ထိုင်နေမိတယ်။ ရုတ်တရက် အိပေါ်ကအနားရောက်လာပြီး စကားတွေပြောနေရင်း ရှောင်းကျန့် အမှတ်တမဲ့ အိပေါ်ဆီက ချစ်တယ်ဆိုတဲ့ စကား ကြားလိုက်ရသလားလို့ ထင်မိကာ အိပေါ်မျက်နှာမော့ကြည့်မိတယ်။
"ဘာပြောတာလဲ...ဟင်"
ရှောင်းကျန့် သေချာမကြားလိုက် လို့ ထပ်ကာပြန်မေးလိုက်သည်။
ရိပေါ် မျက်လုံးပြူးလေးနဲ့ မေးနေတဲ့ ကျန့်ကျန့် လက်ကိုဆုတ်ကိုင်လိုက်သည်။ ရိပေါ် သူ့နှလုံးသားကိုမလိမ်ချင်သလို သူမချစ်တဲ့ ချစ်မွှေးလေးဆိုတဲ့သူကိုလည်း ကျန့်ကျန့်နေရာ အစားမထိုးချင်ဘူး။
"ကျန့်ကျန့်....ငါ မင်းကို ချစ်တယ်"
ရှောင်းကျန့် အိပေါ်စကားကြောင့် ခန္ဓာကိုယ်လေးပင် သိမ့်ခနဲ ဖြစ်သွားရတယ်။
"အိ...အိပေါ်က ကျန့်ကျန့်ကို ချစ်တယ်"
ရှောင်းကျန့် မယုံနိုင်စွာ ထပ်ကာမေးလိုက်ရပြန်သည်။