ရိပေါ် တို့ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့ရောက်တော့ ဆရာတစ်ယောက်က် အပါက်မှာစောင့်နေလေသည်။
"ဆရာ...ရှောင်းကျန့် အထဲမှာလား ၊ ဘာဖြစ်တာလဲ"
ဖန်ရှင်း ဆရာ့အနားသွားကာ မေးလိုက်သည်။
"အထဲမှာဟုတ်တယ်...ဘာဖြစ်တာလဲတော့ ဆရာလည်း မသိသေးဘူး "
ရိပေါ် ဆရာ့စကားကို နားမထောင်တော့ပဲ အထဲဝင်မယ်လုပ်တော့...
"ရိပေါ်...အထဲကို ဝင်လို့မရဘူး ၊ ကျောင်းအုပ်က ဘယ်သူမှ အဝင်မခံနဲ့တဲ့"
ဆရာက ရိပေါ် လက်ကို လှမ်းဆွဲပြောတာကြောင့် ရိပေါ် လက်သီးဆုတ်ကာ အရှေ့မှာ ရပ်စောင့်နေရသည်။ ဘာဖြစ်တာလဲ ကျန့်ကျန့်ရာ...
"ရှောင်းကျန့်သား...မြင်ခဲ့တာ သူတို့နှစ်ယောက်လား"
ရဲတွေက အရှေ့က ကျောင်းသားနှစ်ယောက် လက်ညိုးထိုးပြပြီး ရှောင်းကျန့်ကို မေးလိုက်သည်။
ရှောင်းကျန့် ကျောင်းလူမိုက်မင်ရန်နဲ့ ရှန်းဖူ ကိုကြည့်ကာ...
"ဟုတ်တယ်..ဦးရဲကြီး သားသေချာမြင်ခဲ့ကြားခဲ့တာ ဒီနှစ်ယောက်ပဲ"
"ရှောင်းကျန့်...မင်းဘာတွေပြောနေတာလဲ"
မင်ရန် အခန်ထဲထိ ရဲတွေလာခေါ်လို့သာ လိုက်လာရသည် အခုထိသူ ဘာမှနားမလည်သေး ရှန်းဖူကတော့ ကြောက်ဒူးတုန်နေပြီ။
"ဟိုကျောင်းသား မမေးပဲ ဝင်မပြောပါနဲ့ ရှောင်းကျန့် သား ကြားခဲ့သမျှ ပြန်ပြောပြပါ"
ရှောင်းကျန့် သူကြားခဲ့သမျှ အကုန် ဦးရဲကြီးနဲ့ ကျောင်းအုပ်ကြီးကို ပြန်ပြောပြလိုက်သည်။
"ကဲ ဟိုကျောင်းသားနှစ်ယောက် လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းရလိမ့်မယ် အခု ပါလာတဲ့ သေနတ်ကို ထုတ်ပေးပါ"
ရှန်းဖူကတော့ မျက်ရည်တွေကျကာ ငိုနေလေပြီ။
"ဦးရဲကြီး...ဘာသေနတ်လဲ သားတို့မှာ ဘာမှ မပါ ပါဘူး"
"မင်ရန် မင်း လိမ်တယ် ငါ့နားနဲ့ ဆက်ဆက်ကြားလိုက်ရတာ...မင်း နဲ့ ရှန်းဖူ ကျောင်းထောင့်နားမှာ ပြောနေတာငါကြားရတာ"