"ဆော့ဂျင် မင်းကိုဂျောင်ကု ခဏခဏလှည့်ကြည့်နေတယ်....""ဂျောင်ကုကဘာကောင်လဲ...."
"ရားးးမင်းမသိလိို့နော် သူလည်းနာမည်ကြီးပဲ ဘက်စကပ်ဘောအသင်းကလေ စာလည်းတော်တယ် ရုပ်လည်းချောတယ်
သူ့အာရုံနဲ့သူပဲအေးစက်စက်နေတာ အခြားသူကို လုံး၀အတန်းရှင်းမပေးတက်တဲ့ အချေ type ....""အဲဒီတော့ မင်းသူ့ကိုကြိုက်နေတာလား...."
"ပေါက်ကရတွေ...."
ဆော့ဂျင်ကတော့ ဟိုဆော့ပြောတဲ့သူကိုစိတ်မ၀င်စားဘဲသူ့ရှေ့ကအစားအသောက်တွေကိုသာ တမြုံ့မြုံ့အရသာခံ၀ါးနေခဲ့သည်....
"ဆော့ဂျင် မင်းနဲ့အသိများလား လှည့်ကြည့်လိုက်ပါလား ဂျောင်ကုကသူနဲ့မသိတဲ့လူကို ဒီလိုစိတ်၀င်စားနေမဲ့ type မဟုတ်ဘူးကွ ထူးဆန်းလိုက်တာ...."
အစားအသောက်ကိုအာရုံမစိုက်ဘဲ ဘာမှန်းမသိတဲ့လူကိုအာရုံစိုက်မိနေတဲ့ ဟိုဆော့ ကြောင့် ဆော့ဂျင်စိတ်တိုလာရသည်....
"ဂျောင်ဟိုဆော့ ငါထမင်းအေးဆေးစားပါရစေလား
မင်းအကောင်ကိုနာမည်တောင်မကြားဖူးတာ ငါ့အသိဖြစ်မလား ငါမင်းကိုဆောင့်ကန်ထုတ်လိုက်ရမလား....""အေးပါကွာ မင်းကလည်းစိတ်ကြီးပဲ အသက်ကြီးလာပြီစိတ်လေးဘာလေးလျော့...."
"......."
ဆော့ဂျင်မျက်လုံးလှန်ပြီး စိုက်ကြည့်လာတာကြောင့် ဟိုဆော့မသိဟန်ဆောင်ပြီး ထမင်းကိုသာသဲကြီးမဲကြီငုံ့စားနေလိုက်ရသည်....
ဆော့ဂျင်နဲ့သူက ပထမနှစ်မှာအတန်းတူခဲ့ပေမဲ့ အသက်ကတော့သူကငယ်တယ်လေ...
ဘာလို့ဆို အထက်တန်းအောင်ပြီးချိန် တက္ကသိုလ်မတက်ခင် ဆော့ဂျင်ကအရင်ဆုံးစစ်မှူထမ်းခဲ့တာလေ....
ရွယ်တူလိုပေါင်းပေနေမဲ့ ဆော့ဂျင်စိတ်ကိုသိတာမို့ ထိန်းသင့်တဲ့အနေအထားကိုတော့သိရတာပေါ့လေ...>>>>
"ထယ်ယောင်း ဆော့ဂျင်က စီနီယာဟိုဆော့နဲ့ရင်းနှီးပုံပဲနော်...."
ထယ်ယောင်းကတော့ စိတ်ပျက်တဲ့ပုံစံနဲ့သက်ပြင်းချကာသူ့စကားကိုပြန်မဖြေခဲ့....