"ဆော့ဂျင် မင်းးး မင်းဘာတွေလုပ်ခဲ့ပြန်တာလဲကွာ...."
"ဘာလဲ ဘာကိုလဲ...."
အတန်းချိန်ပြီးလို့ ပြန်တော့ ဟိုဆော့ကသူ့နားကို မျက်နှာအပျက်ပျက်နဲ့ အမောတကောပြေးလာတယ်
ကြည့်ရတာ နေ့လည်က toilet ထဲကအကြောင်းတစ်ယောက်ယောက်ဆီကကြားလာပုံပဲ
အတင်းအဖျင်းတွေက ထင်ထားတာထက်ပိုမြန်တာပဲ...."မင်းးမသိချင်ဟန်ဆောင်မနေနဲ့ မင်းနဲ့ဂျောင်ကုအိမ်သာထဲဘာ၀င်လုပ်တာလဲ....."
"ကျစ် ဘာလုပ်ရမှာလဲ
ဒီစေတနာနားမလည်တဲ့ကောင်ကတော့
မင်းအတွက်လေ မင်းကိုကူညီမယ်ပြောထားလို့ သွားမေးပေးတာလေ... ""အဲဒါနဲ့အိမ်သာထဲ 2ယောက်၀င်တာနဲ့ဘာဆိုင်လို့လဲ...."
"မင်းယောက်ဖက ငါ့ကိုချေပြီးရှောင်နေလို့လေ...."
"ဆော့ဂျင်ရာ မင်းကတော့အမြဲအဲဒီတိုင်း
လုပ်ချင်ရာတွေဇွတ်လုပ်ပစ်တာပဲ ငါ့ကိုကူညီချင်တာသိပေမဲ့ အခြားသူတွေအထင်လွဲခံရတဲ့အပြုအမူတွေတော့မလုပ်ပါနဲ့လား ငါကြောင့်နဲ့ မင်းလူတွေဆီကအထင်လွဲခံရမှာ မလိုချင်ဘူး....."ဆော့ဂျင် ဟိုဆော့ကို တစ်ချက်ပြန်ကြည့်ပြီး မျက်နှာပေါ် ဖမ်းဆုတ်ဖို့ခက်ခဲတဲ့ အရိပ်အယောင်ကလေးတစ်ခုဖြတ်သွားခဲ့တယ်.....
"ဒီတိုင်းးးးငါကောင်းအောင်နေရင်ရော လူတွေဆီကအကောင်းမြင်ခံရမယ်ထင်လို့လား...."
"ဒါပေမဲ့ဆော့ဂျင်ရာ....."
"လူတွေ ဘယ်လိုမြင်မလဲ ငါဂရုမစိုက်ဘူးဟိုဆော့
စိတ်လည်းမ၀င်စားဘူး တကယ်လို့ငါသာသူတို့ကိုဂရုစိုက်ခဲ့မယ်ဆိုရင် အဲဒီလူတွေပြောတဲ့အမုန်းစကားတွေကြောင့် ဆူဆိုက်လုပ်ပြီး သေပစ်တာကြာပြီပေါ့ ဟဟ....""ဆော့ဂျင်...."
"ငါ့ကိုနှစ်သိမ့်ဖို့မကြိုးစားနဲ့ဟိုဆော့ ငါ၀မ်းမနည်းတက်တာသိတယ်မလား နာလည်းမနာတက်ဘူး
လူတွေက သူတို့မြင်ရသလောက် သူတိုဥာဏ်မှီသလောက်လေးနဲ့ မဆီမဆိုင်သူများဘ၀ကို၀ေဖန်စွက်ဖက်ချင်တက်ကြတာသဘာ၀ပဲလေ ငါသူ့တို့ကိုနားလည်ပေးပါတယ်....."