"ကိုကို...
ကိုကို......."ရှေ့ကနေ ဂျောင်ကုခေါ်နေပေမဲ့ဆော့ဂျင်မကြား
သူ့အတွေးတွေ တစစီ ပြန့်ကျဲနေတယ်
ဘာလုပ်ရမလဲ သေချာမတွေးနိုင်အောင် ခေါင်းထဲထူပူနေခဲ့တယ် ...ဘာလို့လဲ ဘာလို့များ ငါ့ရဲ့ပျော်ရွှင်မှူတွေကခက်ခဲနေခဲ့ရတာလဲ 25 နှစ်လုံးငါဘယ်လိုဆိုးဆိုး၀ါး၀ါးရှင်သန်ခဲ့ရလဲ ဒါတောင်ခုထိငါပျော်ခွင့်မရနိုင်ဘူးလား ငါတကယ်အကောင်းမြင်တက်ချင်ပါတယ်...
ဒါပေမဲ့ ခုတော့ ကံကြမ္မာကိုရော အရာအားလုံးကိုပါမုန်းတီပစ်ချင်နေပြီ....
"ကိုကို ဘာလို့လဲဟင် ဘာလို့လဲနေမကောင်းဘူးလား မှန်းစမ်း ဟင်းးးကိုယ်တော့ပူမနေဘူးပဲ
အခြားနေရာကနေမကောင်းဖြစ်နေတာလားဟင်
ကျွန်တော်ခေါ်တာလည်း မကြားဘူး ကိုကိုကစိတ်နဲ့လူမကပ်ဖြစ်နေသလိုပဲ..."သူ့ပခုံးတွေကို တယုတယ ဆုပ်ကိုင်ပြီး မျက်နှာငယ်နဲ့စိတ်ပူနေတဲ့ ဂျောင်ကုမျက်နှာကို ဆော့ဂျင်မှင်သေသေနဲ့ ကြောင်ငေးနေမိတယ်.....
စိတ်ထဲမှာတော့ အတွေးပေါင်းသောင်းခြောက်ထောင်ကရုန်းရင်းဆန်ခတ်....
ငါဘာလုပ်ရမလဲ ငါ့ကြောင့် ဂျောင်ကုထိခိုက်ရရင် ငါ့ကိုယ်ငါခွင့်လွှတ်နိုင်မယ်မထင်ဘူး
ဂျောင်ကုဘေးကနေလည်း ထွက်မပြေးနိုင်ဘူး
ငါတကယ် သေပစ်ချင်မိတယ် ဘာလုပ်ရမှန်းမသိတော့ဘူး အဖြေလည်းထွက်မလာဘူး အဲဒီခွေးရူးကောင်ကို ငါသတ်ပစ်လိုက်ရမလား.....ဆော့ဂျင်အတွေးတွေ မနက်ကျောင်းလာချိန် ကားမှတ်တိုင်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဆီပြန်ရောက်သွားတယ်.....
>>>.....
"ဟေးးးးဆော့ဂျင်.....
အဟင်းးးးဘာလို့လန့်သွားရတာလဲ
ကိုယ်ကလန့်စရာကောင်းနေလို့လား....."ဆော့ဂျင် ကြက်သီးထပြီး လန့်မိသွားတာတော့အမှန်
ဒါပေမဲ့လည်း ဟန်ကိုယ့်ဖို့ဆိုတာရှိတယ်မဟုတ်လား
ဒီလိုကောင်စားတွေက ကိုယ့်ထက်အားနည်းမှန်းသိရင် ပိုအနိုင်ကျင့်ချင်တဲ့ကောင်စားမျိုးတွေ
သူ့စိတ်ထဲက တုန်လှုပ်မှူကို ပြလို့ဘယ်ဖြစ်မလဲ
ပြီးတော့ သူကအသက် 20အရွယ်ဆော့ဂျင်မှမဟုတ်တော့တာ ကိုယ့်ကိုယ်ကိုခုခံကာကွယ်နိုင်တဲ့ 25 နှစ်အရွယ် ဆော့ဂျင်ပဲလေ.....
KAMU SEDANG MEMBACA
က၀ေငယ်ရဲ့ ကောင်းကင်အိမ်မက်....☁☁(complete)
Fiksi PenggemarFan fiction healing and romantic