"ဒါဆို သူကတကယ်အဲဒီလိုတရားမ၀င်အလုပ်တွေ လူမိုက်တွေနဲ့ အဆက်သွယ်ရှိတဲ့သဘောပေါ့....."
သူငှားထားတဲ့ အလွတ်စုံထောက်ဆီက အဲဒီလူအကြောင်းတစ်ချိို့သိခဲ့ရတယ်...
တကယ်ပဲ လူမိုက်တွေနဲ့ အဆက်အသွယ်ရှိနေတဲ့ပုံစံတဲ့ ဘာလုပ်ရမလဲ သူ့ကို့သက်သက် အာရုံနောက်စိတ်ညစ်ရအောင်လုပ်ပြီး ဂျီအာ့အတွက် လက်စားချေချင်နေတာလား သူ့ကိုသဘောကျတယ်ဆိုတာကတော့ သိပ်မဖြစ်နိုင်သလိုပဲ...
ဘာပဲဖြစ်ဖြစ် ဂျောင်ကုကိုစိတ်ပူမိတယ် သူဂျောင်ကုကိုဂရုစိုက်တာသိသွားရင် အဲဒါကသူ့ကိုခြိမ်းခြောက်လို့ရမဲ့ပျော့ကွက်တစ်ခုဖြစ်လာနိုင်တယ်လေ
ထပ်ပြီးတော့ လွန်ခဲ့တဲ့ 5နှစ်လိုအခြေအနမျိုးတာင်ပြန်ရောက်သွားနိုင်တယ်
ဒီတိုင်းဂျောင်ကုကို လက်လွှတ်ပေးလိုက်ရတော့မလား ....ဆော့ဂျင် ဆိုဖာပေါ်လှဲပြီး သက်ပြင်းသာတွင်တွင်ချနေမိသည်....
အတွေးများရင်း မွန်းကြပ်လာတာမို့ ၀ရံတာထွက်လာတော့ နေ့လည်ကတည်းကရပ်ထားတဲ့ ကားအနက်က အဲဒီနေရာမှာ ရှိနေတုန်း.....အန္တရာယ်ရှိတယ်လို့ မခံစားရပေမဲ့ စိတ်ကသိကအောင့်နဲ့သိချင်စိတ်ပြင်းပြနေခဲ့တာကြောင့် ၀ရံတာကနေခါးထောက်ပြီး စိုက်ကြည့်နေလိုက်တယ်...
...စိတ်တိုလိုက်တာ ကားထဲက လူအရိပ်အယောင်တောင်မမြင်လိုက်ဘူး
စိတ်ထဲမှာတစ်မျိုးကြီးပဲ ကားထဲမှာသူနဲ့ရင်းနှီးတဲ့တစ်ယောက်ယောက်ရှိနေသလိုမျိုး.....
...မဖြစ်နိုင်ပါဘူး ဟိုလူကြောင့် ဒီရက်ပိုင်းငါအတွေးလွန်ပြီး သံသယများနေတာပဲဖြစ်မယ်....
ဆော့ဂျင်လည်း ဘာမှဆက်မတွေးတော့ဘဲ အခန်းထဲပြန်၀င်လာပြီး အိပ်ယာပေါ်ကို သူ့ခန္တာကိုယ်တစ်ခုလုံးပစ်ချလိုက်တယ်....
..ရှုတ်ထွေး ရူးသွပ်စရာကောင်းတဲ့ ဆိုး၀ါးတဲ့အရာတွေဟာဘယ်အချိန်ကစတင်ခဲ့တာလဲ....
သူမွေးတဲ့နေ့ကတည်းကလား
ဖြစ်နိုင်လောက်တယ် ဘာလို့ဆို အဲဒီနေ့မှာပဲ မေမေဘက်က အဘွားဆုံးခဲ့တာလေ...
မေမေ အတော်လေးစိတ်ထိခိုက်ခဲ့ရတာတဲ့
အဲဒီနောက်ဖြစ်ပျက်ခဲ့တဲ့ ဆိုး၀ါးတဲ့ ကိစ္စတွေဟာ အားလုံးသူ့ကြောင့်ပဲတဲ့လေ အဲဒီလိုစကားတွေဆို ဆွေမျိုးတွေဆီက မကြားချင်မှတဆုံးပဲ.....