"ဂျောင်ကု မင်းကား၀ယ်လိုက်တာပေါ့လေ...."
"အင်းလေ ကိုကို့ကိုစိတ်မချလို့ အကြိုအပို့လုပ်ပေးဖို့အိုမားကို၀ယ်ခိုင်းလိုက်တာ ဟီးးး"
"မင်းပြောတော့ မင်းအိမ်ကပြေပြေလည်လည်ပဲရှိတာမချမ်းသာဘူးဆို ဒီလိုကားမျိုးချက်ချင်း၀ယ်ပေးတာလား အံ့သြစရာပဲ
မင်းအိမ်ကလူတွေကို အတင်း၀ယ်ခိုင်းထားတာလား
အိုမားကို စိတ်ညစ်အောင်လုပ်ရင် မင်းမလွယ်ဘူးနော်....""ကိုကိုကလည်း ကျွန်တော်ကသားလိမ်မာလေးပါနော် အိုမားကကတစ်ခုပဲတောင်းဆိုတယ် တစ်လအတွင်းချစ်သူကိုအိမ်ခေါ်လာရင်ရပြီတဲ့ ...."
"ဟွန်းးးပြီးတာပဲ
ဒါပေမဲ့ ငါ့ဘာသာပဲပြန်လို့မရဘူးလား ငါမင်းကိုစိတ်ပူတယ် အဲဒီလူကတကယ်လူမိုက်တွေနဲ့အဆက်သွယ်ရှိတာတဲ့....
ဖြစ်နိုင်ချေနည်းပေမဲ့ ဖြစ်သွားရင် ငါဘယ်လိုလုပ်ရမလဲ ငါ ငါ..ဘယ်လိုစိတ်နဲ့ဖြေရမလဲ...."ကိုကို့မျက်လုံးထဲမှာစိုးရိမ်မှုတွေပြည့်နေခဲ့တယ် နှုတ်ခမ်းကိုကိုက်ပြီး ဘာမှမဖြစ်သလိုပုံစံဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ ကျရှုံးသွားပုံပဲ
အဖျားခက် တုန်ရင်သွားတဲ့ စကားသံတွေကသက်သေပဲလေဒီလိုပုံစံက ကိုကို့ထုတ်ပြလေ့မရှိတဲ့ အခြားဘက်ခြမ်းပဲဖြစ်မယ် ကိုကို့ရဲ့ နူးညံ့တဲ့အခြမ်းကိုမြင်ခွင့်ရတဲ့အတွက်ကြည်နူးရပေမဲ့ ကိုကို့အတွင်းစိတ်ထဲကစိုးရိမ်ကြောက်ရွံ့မှူတွေကို
သေချာမြင်လာရတာမို့ နှလုံးသားထဲနာကျင်ရတယ်.....
သူကတော့ ကိုကို့ကိုအမြဲပျော်ရွှင်ပေါ့ပါးနေစေချင်တယ်"ကိုကိုရာ ...."
ဂျောင်ကု သူ့ဘေးကဆော့ဂျင်ကို ရင်ခွင်ထဲဆွဲသွင်းထားမိတယ်....
ကိုကိုစိုးရိမ်နေတာတွေကို နားလည်ပေမဲ့ သူတကယ်ကြောက်တာက သူဒဏ်ရာရထိခိုက်မဲ့အရေးမှမဟုတ်တာ....ကိုကို၀မ်းနည်းထိခိုက်ရမှာရယ် ပြီးတော့ကိုကိုသူ့ကိုအ၀ေးတွန်းထုတ်ပစ်မှာရယ် ဒါကသူ့ရဲ့အကြီးမားဆုံးအကြောက်တရားတွေပဲလေ....
ကိုကိုကတော့ သူ့ရင်ခွင်ထဲငြိမ်သက်လို့ အများကြီးထပ်တွေးနေပြန်ပြီထင်ပါတယ်...
ဒီလူကြီးပေါက်စကလေးကတော့ကွာ....