"အရူးလာမထစမ်းနဲ့ ဂျောင်ကု မင်းပုံဆွဲမှာမှတ်လား စဆွဲတော့...."
သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ လုပ်မိတဲ့ အပြုအမူနဲ့ ဖွင့်ဟ၀န်ခံမှူအတွက် အစ်ကို့ ဆီကပြင်းထန်တဲ့တုန့်ပြန်မှူမျိုးရလာမယ် ထင်ခဲ့ပေမဲ့ အစ်ကိုကတော့မဲ့ပြုံးကလေးတစ်ချက်သာပြုံးခဲ့တယ်....
ဘာမှမဖြစ်သလိုမျိုး အစ်ကိုကအေးဆေထသွားနိုင်ပေမဲ့ ဒီလိုအခြေအနေမျိုးက သူ့ကိုပိုခံရခက်စေတယ် အရိုက်ခံလိုက်ရရင်တောင် စိတ်သက်သာနိုင်သေးတယ်
ခုတော့ အစ်ကိုကသူရဲ့ပထမဆုံးအနမ်းကို ခွေးကလေးတွေကြောင်ကလေးကိုနမ်းရုံလောက်သဘောထားနေပုံရတယ်....."Hyung.... "
"ထပ်ပြီးဘာလဲ ငါဒေါသမထွက်ချင်ဘူးဂျောင်ကု...."
အမည်တပ် အဓိပ္ပါယ်ဖော်ဖို့ခက်ခဲတဲ့ မျက်၀န်းစိုလဲ့လဲ့တွေနဲ့ ဂျောင်ကုကသူ့ကိုမချင့်မရဲကြည့်နေတယ်
နေရာကထသွားတဲ့ သူ့လက်ကောက်၀တ်ကိုလည်းဖမ်းဆွဲထားသေးတယ်....အခုချိန်မှာသူ့ရင်ထဲက ထူးဆန်းတဲ့နွေးထွေးလုံခြုံနေတဲ့ခံစားချက်ကိုသူကိုယ်တိုင်တောင် နားမလည်တော့
ဘာလို့တစိမ်းတစ်ယောက်ရဲ့ အပြုအမူတွေကိုအစစ်အမှန်ပဲလို့ခံစားနေရတာလဲ ငါတကယ်ရူးသွားပြီထင်တယ်....
အစက ဂျောင်ကုကိုစနောက်လို့ကောင်းလို့ ရှက်ကိုးရှက်ကန်းနေရခက်နေတဲ့ ဂျောင်ကုမျက်နှာကိုမြင်ချင်လို့ မထိတထိလုပ်ခဲ့ပေမဲ့ ခုလိုအတည်အတံ့ပုံစံကြီးနဲ့ ဖွင့်ပြောလာတော့ အရာအားလုံးရူတ်ထွေးသွားသလိုမျိုးပဲ....ဘယ်လိုပဲရင်ထဲရှုတ်ထွေးပါစေပေါ့ သူကတော့ရှောင်ထွက်ရမှာပဲ ချစ်ချင်းမေတ္တာဆိုတဲ့ အရေးမပါတဲ့ခံစားချက်တွေကြားမကျရှုံးချင် သွေးသားရင်းမိသားစုတွေတောင် သူ့ကိုမုန်းတာ အခြားတစိမ်းက
ဘယ်လိုများချစ်ပေးနိုင်မှာတဲ့လဲ အရာအားလုံးအလိမ်အညာတွေပဲ...."ကျွန်တော့်ကို Hyung အနားမှာနေခွင့်ပေးပါ...."
ဆော့ဂျင်ဂျောင်ကုရဲ့ မျက်လုံးတွေကို စူးစူးစိုက်စိုက်ပြန်ကြည့်ပြီး အနိမ့်အမြင့်မရှိတဲ့လေသံနဲ့မေးလိုက်တယ်...